အပိုင်း ၂၅

9.1K 583 26
                                    

Unicode

'သောက်လိုက်ပါဦး...'

စားပွဲပေါ်က ကော်ဖီကိုရှေ့တိုးပေးလိုက်ပြီး နှိုင်း စကားစလိုက်သည်...

ရှေ့ကဘုန်းတောက်ထွန်းကတော့ မျက်နှာကိုတည်ငြိမ်အောင်ထိန်းနေပေမဲ့ မျက်လုံးအစုံက တခုခုကိုလျှို့ဝှက်ထားတဲ့ ကလေးတယောက်လို နှိုင်းကို မျက်လုံးချင်းမဆုံအောင် ကြိုးစားနေသည်...

ကောက်ကျစ်ယုတ်မာခြင်းကင်းပြီး ရိုးသားတဲ့ မျက်လုံးမျိုးတွေ...

သူ့ကိုကြည့်ရတာ စီးပွားရေးသမားနဲ့ဘယ်လိုမှမတူ...

'အနှိုင်းမဲ့ ဒီမြို့ကို ဘာဖြစ်လို့ရောက်နေတာလဲဆိုတာ သိလို့ရမလား မသိဘူး... ဒီအနီးပတ်ဝန်းကျင်မှာကျွန်တော်စုံစမ်းကြည့်တော့ အခုအနှိုင်းမဲ့နေနေတာက နဒီလှိုင်းရဲ့အိမ်လို့သိရတယ်.. နောက်ထပ် သိရသလောက် နဒီလှိုင်းမှာ ညီအစ်မမရှိသလို အနှိုင်းမဲ့မှာလည်း ညီအစ်မမရှိဘူး... ပြီးတော့ အခုလို နဒီလှိုင်းနေရာမှာနေနေတဲ့ အနှိုင်းမဲ့ကို ဘယ်သူမှမရိပ်မိပုံကြည့်ရတာ တခုခုထူးဆန်းနေသလိုပဲ...'

အဟွန်း...

စီးပွားရေးသာလုပ်နေတာ စကားပြောပုံက ဒဲ့တိုးကြီးနဲ့မို့နှိုင်း ပြုံးမိသည်... သူက ဒဲ့ဆိုကိုယ်လည်းဒဲ့ပေါ့.. ဝေ့၀ိုက်နေတာ ဘယ်သူ့အတွက်မှအကျိုးမရှိဘူးလေ...

'အဲ့ဒီတော့ရှင်က နဒီလှိုင်းကိုသိတယ်ပေါ့...'

'ကျွန်တော့်မိတ်ဆွေပါ...'

'ဟုတ်လား.. လွန်ခဲ့တဲ့၅ လလောက်ကမှ နိူင်ငံခြားက ပြန်ရောက်လာတဲ့ ကိုဘုန်းတောက်ထွန်းက နဒီလှိုင်းနဲ့ဘယ်တုန်းကများ အသိမိတ်ဆွေဖြစ်သွားပါလိမ့်နော်... မူဆယ်က ပြန်လာပြီးမှလား ဒါမှမဟုတ် လန်ဒန်မှာ ကတည်းက ခင်တာများလား... ကျမသိသလောက်ဆို နဒီလှိုင်းက ဘယ်နိူင်ငံခြား ခရီးစဉ်ကိုမှမသွားဖူးဘူး...'

'အနှိုင်းမဲ့က ကျွန်တော့်အကြောင်းတွေကို လိုက်စုံစမ်းထားတာပဲ... ဒါပေမဲ့ အခုခေတ်ကြီးမှာ မျက်နှာချင်းဆိုင်တွေ့ဆုံရမှ သူငယ်ချင်း မိတ်ဆွေဖြစ်လို့ရတာမှမဟုတ်တာပဲ...'

Accidental LoveWhere stories live. Discover now