အပိုင်း ၂၃

9.6K 618 61
                                    

Unicode

ဆိုင်ထဲကထွက်လာတဲ့ ရောင်စဉ့်ကိုအမြင်မှာ ၀မ်းသာအားရလှမ်းခေါ်ဖို့ကြိုးစားလိုက်ပေမဲ့ အနောက်ကကပ်ပါလာတဲ့ သူစိမ်းယောကျာ်းလေးတယောက်နဲ့ရယ်ရယ်မောမော စကားပြောနေတာကြောင့် နှိုင်း
မျက်မှောင်ကျုံ့ကာစိုက်ကြည့်နေမိသည်...

ဘာလို့ သူစိမ်းယောကျာ်းလေးရှေ့မှာ အဲ့လောက်ပြုံးနေတာလဲ.. ငါသက်သက်သ၀န်တိုရအောင်လို့...😒

မကြည်လင်တော့တဲ့စိတ်တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ကားပေါ်ပြန်တက်လိုက်သည်...
ဆိုင်အပြင်ဘက်ရောက်လာတာတောင် စကားပြတ်သေးပုံမရတဲ့နှစ်ယောက်က ဘာစကားတွေများပြောနေကြတာလဲမသိ... 😏

ခါတိုင်းဆို နှိုင်းရဲ့ကားကိုအဝေးကမြင်တောင်မှတ်မိပါတယ်ဆိုတဲ့ရောင်စဉ်က အခုတော့နီးနီးနားနားမှာ ရပ်ထားတဲ့ကားကိုတောင်မမြင်တော့...

အခုရက်ပိုင်းတွေမှာ ဘာကြောင့်မှန်းမသိပဲ နှိုင်းမှာ ရောင်စဉ်နဲ့နည်းနည်းအလှမ်းကွာနေသလို ခံစားရသည်...

ခါတိုင်းလို ဆိုင်ကိုအတူတူလာဖွင့်တယ်ဆိုပေမဲ့...
ခါတိုင်းလို ညတိုင်းဖုန်းပြောဖြစ်ကြတယ်ဆိုပေမဲ့ ဘာလို့အဲ့လိုတွေခံစားနေရမှန်းမသိ...

ပြီးတော့ရောင်စဉ့်ဆီက တခုခုကိုဖုန်းကွယ်ထားချင်တဲ့ အရိပ်အယောင်တွေကိုမြင်နေရတာကလည်း နှိုင်းကိုအသက်ရှူကျပ်စေသည်...

ဘာတွေလုပ်နေတာလဲ အချစ်ရယ်...

ပြန်လည်းမပြန်ဖြစ်သေးပဲ စတီယာရင်ပေါ်မျက်နှာအပ်ကာ ငြိမ်သက်နေမိသည်...

ဒေါက် ဒေါက်..

ကားမှန်ကိုလာခေါက်တဲ့အသံကြားမှဆတ်ခနဲ မော့ကြည့်လိုက်တော့ အပြင်ဘက်က ရောင်စဉ်က လက်ဟန်ခြေဟန်နဲ့ ထွက်လာဖို့ခေါ်နေသည်...

အခုတော့ ပကတိတည်ငြိမ်နေတဲ့မျက်နှာလေး...❤️

မျက်နှာလေးကိုမြင်လိုက်တာနဲ့ စောစောက ရှိနေခဲ့တဲ့စိတ်ညစ်ညူးမှုတွေက ပိန်းကြာရွက်ပေါ်ရေမတင်သလို လွှင့်စင်ပျောက်ကုန်သည်...

တံခါးဖွင့်ကာ ဆင်းလိုက်တော့

'နေမကောင်းဘူးလားနှိုင်း.. ၀င်မလာပဲ ဘာလုပ်နေတာလဲ...'

Accidental LoveOù les histoires vivent. Découvrez maintenant