အပိုင်း ၃၅

10.2K 641 28
                                    

Unicode

'မြေး...'

မကြားရတာကြာပြီဖြစ်တဲ့ ဘွားရဲ့ အသံကို နားထောင်ရင်း နှိုင်းမျက်ရည်တွေဝဲတက်လာသည်...

'ဟုတ်...ဘွား နေကောင်းရဲ့လား...'

'ဘွား... မြေးလေးကို သိပ်ကိုသတိရနေတာကွယ်... ဘွားဆီကို လာလည်မယ်ဆိုပြီးတော့...'

အရင်တခေါက် ရောင်စဉ့်ဆီကိုသွားတုန်းက ဘွားဆီသွားချင်ပေမဲ့ မသွားခဲ့...
တည်ငြိမ်နေပြီးသားဘ၀လေးတွေကို ထပ်ပြီးမလှုပ်ခတ်စေချင်တော့...

'မြေး... အားလုံးကိုသိတယ်မဟုတ်လား...'

'ဘာကိုလဲဘွား...'

'မြေးတို့နှစ်ယောက် ဘာဖြစ်လို့ ရုပ်ချင်းဒီလောက်တူနေတာလဲဆိုတာ မြေးသိတယ်မို့လား...'

'ဘွား...'

နှိုင်း အလန့်တကြား ဘွားကိုခေါ်မိသလို တဖက်က ဘွားနားမှာထိုင်နေသည့် ရောင်စဉ်နဲ့လှိုင်းမှာ တောင့်တောင့်ကြီးဖြစ်သွားရသည်...

ဒီနေ့ လှိုင်းရဲ့မွေးနေ့ညမှာ ဘွားက နှိုင်းနဲ့စကားပြောချင်တယ်ဆိုပြီး ရောင်စဉ့်ကိုခေါ်ခိုင်းတာဖြစ်သည်...
ပြီးတော့ လှိုင်းကိုပါ အနားခေါ်ထားပြီး အခုလိုတွေ စပြောတော့တာ...

'ဘွားနောက်မှစုံစမ်းမိလို့ အသိနောက်ကျရတာ ဘွားကိုခွင့်လွှတ်ပါမြေးရယ်...'

'ဘွား.. ဘွား ဘာတွေပြောနေတာလဲဟင်... လှိုင်းကိုလည်း နားလည်အောင်ပြောပါဦး...'

လှိုင်းက ရိပ်မိသလိုရှိပေမဲ့ မယုံနိူင်သလို ဘွားကို ပြန်မေးနေသလို ရောင်စဉ်ကလည်း အူကြောင်ကြောင်လေး...

'ဟုတ်တယ်မြေး... မြေးတို့နှစ်ယောက်က အမွှာတွေပဲ... ဘွားတို့ လူကြီးတွေရဲ့အတ္တကိုယ်စီကြောင့် အခုလို အချိန်တွေအကြာကြီး ကွဲကွာနေခဲ့ရတာ...'

'ဘွား...'

'အခုလိုသိရတော့ ဘွားကိုမမုန်းဘူးလား ကလေးရယ်... မြေးရဲ့မေမေက...'

'မမုန်းပါဘူးဘွားရဲ့... အနည်းဆုံးတော့ သမီးမှာ ဘွားရှိနေသေးတယ်လေ...'

'အနှိုင်းမဲ့နဲ့လှိုင်းနဲ့က အမွှာတွေလို့ ဘွားပြောလိုက်တာလား... ဟုတ်လား... ဘွား...'

Accidental LoveTahanan ng mga kuwento. Tumuklas ngayon