အပိုင်း ၁၂

10.1K 632 12
                                    

Unicode

'ဘာပြောမှာလဲ ပြောလေ...'

မေးသာမေးလိုက်ရတယ် ရင်ကတထိတ်ထိတ်...😔

သူဘာများပြောမှာလဲ...
ဒီမှာဆက်မနေနိူင်တော့ဘူးလို့ပြောမှာလား...
အလုပ်ကိစ္စတွေအရေးကြီးလို့ ပြန်သွားတော့မယ်ပြောမှာလား... 😣

အဲ့လိုပြောလာခဲ့ရင် ငါဘာလုပ်ရမလဲ... 😣

အမျိုးမျိုးလျှောက်တွေးချင်စရာဖြစ်နေလောက်အောင်လည်း သူကတည်ငြိမ်လွန်းနေသည်... 😶

'နှိုင်း..?'

'ငါ... ငါအခုပြောတဲ့စကားကိုကြားရင် နင်လန့်သွားမလားတော့မသိဘူး... ဒါပေမဲ့ ငါလည်းပြောမှဖြစ်မှာမို့လို့...'

သေချာပါတယ်...
သူပြန်တော့မှာများလား..? 😣

'ပြောလေ..'

တကယ်တမ်း ပြောပါဆိုတော့လည်း ပြောလို့မထွက်... 😣

စောစောကတင်ရှိနေခဲ့တဲ့ သတ္တိတွေက အခုတော့ ကြက်ပျောက်ငှက်ပျောက်... 😣

ပြောလိုက်ရင် စိတ်ဆိုးသွားမလား..? 😔

မိန်းကလေးချင်းစိတ်ဝင်စားတတ်တဲ့သူဆိုပြီး ရှောင်ဖယ်ဆက်ဆံလာပါက ခံစားနိူင်မည်မဟုတ်... 🥺

ပြောဖို့တွေဝေနေပုံရတဲ့ နှိုင်းကို ရောင်စဉ်အားပေးတဲ့အနေနဲ့ စားပွဲပေါ်တင်ထားတဲ့လက်ကိုဖွဖွလေးဖိကိုင်ကာ...

'နှိုင်း... ဘာဖြစ်နေတာလဲပြောလေ...'

သူ့ကိုမကြည့်ရဲလို့ခေါင်းငုံ့နေကာမှ ရှေ့တည့်တည့်မှာ နီးနီးကပ်ကပ်လာရပ်ကာပြောလာတဲ့ ရောင်စဉ်ကြောင့် နှိုင်း ကိုင်ထားတဲ့လက်ကလေးကို ပိုတင်းအောင်ဆုပ်ကိုင်ပြီး မော့ကြည့်လိုက်တော့ မျက်ဝန်းချင်းအဆုံမှာ ရောင်စဉ်က ဖျတ်ခနဲပြုံးပြသည်...

ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာလေးမှာငြိတွယ်ရင်း...

'ရောင်စဉ်'

'အင်း.. ပြော..'

'ငါ... နင့်ကို ချစ်တယ်...'

'ဟင်...'

ထင်မှတ်မထားတဲ့စကားကြောင့် ရောင်စဉ့်ခန္တာကိုယ်လေးကတောင့်ခနဲ...

Accidental LoveDonde viven las historias. Descúbrelo ahora