အပိုင်း ၁၁

9.7K 652 8
                                    

Unicode

'ဘွား ညနေကျတော့ ဘုရားသွားရအောင်နော်...'

'ဘုရား..? ဘယ်ဘုရားလဲမြေးရဲ့...'

'မဟာ အံ့ထူးကံသာဘုရားကိုသွားမယ်လေဘွား... ရောင်စဉ်တို့ကိုပါခေါ်ပြီးတော့...'

နှိုင်းတက်တက်ကြွကြွနှင့် ရောင်စဉ်နဲ့တွေ့ဖို့အရေး ဒို့အရေးလုပ်ကာ ဘွားကိုတိုက်တွန်းမိသည်...

ရောင်စဉ်က နှိုင်းကိုရှောင်နေတယ်လေ... အိမ်မှာလည်းမရှိ ဆိုင်ကိုသွားတွေ့လည်း မတွေ့ရနဲ့...

ဟိုနေ့ကတည်းက ချစ်တယ်လို့မြန်မြန်ပြောလိုက်ရမှာ... 😍
ပြောလည်းပြောမိတော့မလို့ အချိန်ကိုက်ကိုပဲ customer တွေရောက်လာတာနဲ့ မပြောလိုက်ရ... 😣

'ဘာစိတ်ကူးပေါက်ပြန်ပြီလဲမြေးရဲ့... ရောင်စဉ်လေးကမအားဘူးထင်တယ်... မနေ့ကဘွားကိုလာတွေ့သွားသေးတယ်... ဒီလဆိုင်မှာ အော်ဒါတွေအရမ်းများလို့ ဘွားဆီလာနိူင်မှာမဟုတ်ဖူးတဲ့လေ...'

'မနေ့ကလာတယ်..? သမီးကိုကျမပြောဘူး...' 😏

'အဟွန်း... မြေးကပျင်းနေပြီလား... ဘယ်မှမသွားရတော့...'

'မပျင်းပါဘူးဘွားရဲ့... အဲဒါဆိုလဲ ရောင်စဉ်အားမှပဲ သွားကြတာပေါ့...'

'ဟုတ်ပါပြီ ဟုတ်ပါပြီ...'

ဘွားရှေ့ကထွက်လာပြီး နှိုင်းယောင်ချာချာနဲ့ဘယ်သွားရမှန်းမသိတာမို့ ကိုယ့်အခန်းကိုယ်ပြန်တက်လာခဲ့သည်...

ဘွားပိုင်တဲ့ လိမ္မော်ခြံတွေ အများကြီးရှိတာသိထားပေမဲ့လည်း ကိုယ်ပိုင်တာမဟုတ်တော့ မသွားချင်...

ဘွားကလည်း သွားဖို့စကားမဟပါ... မျက်စိရှေ့မှာ အခုလိုရှိနေတာကိုပိုသဘောကျပုံပဲ...

တခါတလေ သွားကြည့်ဖို့ရောင်စဉ်က တိုက်တွန်းပေမဲ့ ကိုယ်ကဟန်ဆောင်ထားတာဆိုတော့ သိတဲ့လူများလေလေ ပိုပြီးစိတ်မချရလေမို့လား...

အင်း နောက်မှသွားကြည့်ရမယ်...
ရောင်စဉ်နဲ့ နှစ်ယောက်တည်းလေ... 🙄

လောလောဆယ်ငါ့ကိုရှောင်နေတယ်ပေါ့...😏
နေနှင့်ဦး...
တွေ့မှရည်စားစကားကိုပြောပစ်ဦးမယ်.. ဟိဟိ 😘

Accidental LoveKde žijí příběhy. Začni objevovat