အပိုင်း ၂၇

9.2K 624 39
                                    

Unicode

'တကယ်လား နှိုင်း... လှိုင်း လှိုင်းနဲ့ တကယ်ပဲ တွေ့ခဲ့တာလား...'

'အင်း... ကိုယ်တကယ်ပြောတာပါ...'

'ဘယ်မှာလဲဟင်...သူဘယ်မှာတဲ့လဲ.. အဆင်ကောပြေရဲ့လား...'

မျှော်လင့်ချက်တွေအပြည့်နဲ့တောက်ပနေတဲ့ မျက်ဝန်းအစုံကိုငေးကြည့်ရင်း နှိုင်းခပ်ပြုံးပြုံးပဲ အဖြေပေးလိုက်သည်...

'မလောပါနဲ့ အချစ်ကလေးရဲ့ ကိုယ်ပြောပြမှာပေါ့... သူရှိတဲ့နေရာကိုလည်း ကိုယ်လိုက်ပို့ပေးမယ်... ဟုတ်ပြီလား..'

ရောင်စဉ် ခပ်သွက်သွက် ခေါင်းကိုငြိမ့်လိုက်သည်...

လှိုင်းကိုတွေ့ရင် အိမ်ကိုပြန်ခေါ်လာရမည်...

ပြီးတော့ ဒီလောက်တောင် အကြာကြီးဘွားကို ပစ်ထားရက်နိူင်တဲ့ဒင်းကို အမှုန့်ကြိတ်ပစ်ရမည်...

'တကယ်တော့ ကိုယ် ဒီတခေါက်ရန်ကုန်ကို အလုပ်ကိစ္စဆိုပြီးသွားတာက နဒီလှိုင်းကိုတွေ့ဖို့သွားတာ... နေဦး စိတ်မဆိုးနဲ့ဦး... အချစ်ကလေးကို မပြောဘူးဆိုတာက နဒီလှိုင်း ဟုတ်လားမဟုတ်လား ကိုယ်အရင် သေချာချင်လို့...'

'ရန်ကုန်မှာလားသူက...'

'ဟုတ်တယ်...'

သူ့ကိုမပြောရကောင်းလားလို့ မျက်လုံးစွေပြီးရန်တွေ့မည်ပြင်ပြီးမှ နှိုင်းဆက်ပြောလိုက်သည့် စကားကြောင့် ပျော်လိုက်ရတာ အတိုင်းအဆမရှိ...

တကယ်ပဲ လှိုင်းကို ပြန်တွေ့ပြီပေါ့... 😃

'အဲ့ဒါဆို လိုက်သွားမယ်လေ... သူကဘာကိစ္စနဲ့ ပြန်မလာသေးတာလဲ... ဒီမှာ သူပြန်လာဖို့ တချိန်လုံး စောင့်နေတဲ့လူကိုမှအားမနာ...'

'.....'

'ဟင်လို့ နှိုင်း...'

သူ့ကိုငေးနေတာကို မသိတဲ့ရောင်စဉ်က နှိုင်းရဲ့လက်ကလေးကိုဆွဲခါကာ အလောတကြီးမေးသည်...

'သူကနည်းနည်းနေမကောင်းသေးလို့ အချစ်ရဲ့... ကိုယ်လည်းတခါတည်းခေါ်ခဲ့ဖို့ကျတော့ အဆင်မပြေလို့...'

'ဟင်... ဘယ်နေရာနေမကောင်းလို့လဲ... ဘာဖြစ်လို့လဲ..'

'အင်း... သူကောင်းကောင်းမွန်မွန်ပဲရှိပါတယ် နည်းနည်းနေမကောင်းတာကလွဲလို့...'

Accidental LoveHikayelerin yaşadığı yer. Şimdi keşfedin