အပိုင်း ၇

9.7K 708 21
                                    

Unicode

ရောက်နေတာ ၁၅ မိနစ်ခန့်ရှိပြီဖြစ်သော်လည်း နှိုင်း ဒီအတိုင်းကြီးဝင်သွားဖို့က ခက်နေသည်...
ခြံကြီးထဲမှာ ဧည့်ခံပွဲလုပ်နေမှန်းသိသာစွာ အပြင်မှာပါကားတွေအများကြီးတန်းစီရပ်ထားပေမဲ့ လူတယောက်တောင်မတွေ့ရတာမို့ ကားထဲကကိုမဆင်းဖြစ်...
ဘေးက လက်ဆောင်ထုတ်ကိုကိုင်လိုက် ပြန်ချလိုက်လုပ်ရင်း ခြံထဲကိုလှမ်းကြည့်မိပြန်သည်...

ဖုန်းခေါ်လိုက်တာပဲကောင်းပါတယ်လေ...
နောက်ဆုံးတော့ ရောင်စဉ့်ကိုဖုန်းခေါ်ဖို့ပဲတွေးလိုက်ကာ လက်ဆောင်ထုတ်ကိုယူ ကားပေါ်ကဆင်းပြီး တံခါးဖွင့်ထားတဲ့ခြံထဲ ဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်ခဲ့သည်...

'လှိုင်း... လှိုင်း ဟုတ်တယ်မလား..'

ရောင်စဉ့်ကိုရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်‌ပေမဲ့မကိုင်တာမို့ ထပ်ခေါ်ဖို့လုပ်နေတုန်း ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့ ရုတ်တရက်အသက်ရှူဖို့တောင်မေ့သွားရသည်...
ဒီကကောင်မလေးတွေကတော်တော်ကိုလှကြတာပဲ...

'နင်လာမယ်ဆိုတာငါသိတယ်လှိုင်း... အဲ့ဒါကြောင့် ငါနင့်ကိုဒီမှာလာစောင့်နေတာ...'

'...'

'နင် ငါ့ကိုစိတ်ဆိုးနေမယ်ဆိုတာ ငါသိပါတယ်... ငါ ငါ အဲ့နေ့က ဘယ်လိုဖြစ်သွားမှန်းမသိဘူး... နင်ငါ့ကြောင့် တော်တော်ဒုက္ခရောက်သွားတယ်မလား... ငါတကယ်တောင်းပန်ပါတယ်နော်...'

ပြောနေရင်းက ငိုပါငိုတော့မဲ့ ကောင်မလေးကိုကြည့်ပြီး နှိုင်း ဘာလုပ်ရမှန်းမသိ...
ရပါတယ်လို့ပဲပြောရမလား...
မငိုပါနဲ့လို့ပဲပြောရမလား...

နှိုင်းဘာမှမပြောတာကို ဘယ်လိုထင်သွားလဲတော့မသိ...

'ဟင် နင်ငါ့ကိုပိုမုန်းသွားပြီမလား... ငါ ငါတကယ်မရည်ရွယ်ပါဘူး..'

လက်ကိုလာကိုင်ကာရှိုက်ငိုနေတော့ နှိုင်းလည်းမနေသာတော့...

'မ မငိုပါနဲ့တော့...'

'အဲ့ဒါဆို ငါ့ကိုခွင့်လွှတ်တယ်ပေါ့နော်..'

မျက်ရည်စက်လက်နဲ့မော့ကြည့်ပြီးမေးလာတဲ့ကောင်မလေးကို နှိုင်း အသာပြုံးပြလိုက်သည်...

Accidental LoveWo Geschichten leben. Entdecke jetzt