Unicodeဟိုင်းဝေးလမ်းမပေါ် ကားအနီလေးက အရှိန်နှင့်ပြေးနေတယ်။Maltaကမြေထဲပင်လယ်တဲ့အလယ်ဗဟိုမှာရှိတဲ့ကျွန်းစုနိုင်ငံလေး။ ဥရောပအငွေ့သက်တွေပြည့်နှက်နေပြီး လျ်ု့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့နိုင်ငံလို့တင်စားကြတယ်။ဗလယ်တာကတော့မြို့တော်ဖြစ်ပြီးသိပ်လှတယ်။
ဗလယ်တာ ရာသီဥတုကသာယာတယ်တခြားဥရောမြို့တွေလိုမဟုတ်ဘဲ ရာသီဥတုမျှတသည်။အထူးသဖြင့်အခုလိုနိုဝင်ဘာလမျိုးမှာပေါ့။
ကားပေါ်ကကောင်လေးရဲ့ ရာသီဥတုကတော့ပိုကြည်တယ်။ရိပေါ်ကဒီနေ့ဧည့်သည်တွေကိုနောက်ဆုံးအနေနဲ့ လေဆိပ်လိုက်ပို့မယ်။ပြီးရင်တစ်လလောက်ဘာမှမလုပ်ဘဲနှပ်ပစ်မယ်။
ရိပေါ်ကတရုတ်ကပြားလေး အသားဖွေးဖွေး ပါးပြည့်ပြည့်လေးနဲ့ လူချောလေး။
ချစ်စရာရုပ်သွင်လေးဆိုပေမယ့်ရိပေါ်ကတကယ့်ကို လူပွေးလေး သူကဗလယ်တာမှာ တိုးဂိုက်လုပ်တယ်။
အာရှကသူတွေကဒီလိုလာခဲပေမယ့်ကိစ္စမရှိသူကဘာသာစကားလေးငါးမျိုးတက်တယ်။တစ်လမှာတစ်ခါလောက် အလုပ်လုပ်မယ်ပြီးရင်တော့ သူက Malta အနှံ့ခြေဆန့်နေတော့တယ်။တစ်ခါတစ်လေ အဖြူမလေးတွေနဲ့ရိပေါ်ကိုတွေ့ရပြီးတစ်ခါတလေတော့ အဖြူကောင်လေးတွေနဲ့တွေ့ရတယ်။
ရိပေါ်ကဒီရှောင်းမိသားစုကို လေဆိပ်ပို့ပြီးရင်ဂိုဇိုကျွန်းဘက်က်ိုသွားဖို့ လုပ်ထားတယ်။
ကားအနီလေးလေဆိပ်ပါကင်ဘက်က်ိုချိုးလိုက်ချင်းချင်းပဲ ဧည့်သည်တွေရဲ့ကားကိုမြင်ရတယ်။အနည်းငယ်ဝမ်းနည်းနေတဲ့ ရုပ်ကလေးကို ရိပေါ်ကပြင်ယူလိုက်တယ်။ဒါမှသူ့လက်ထဲစာအိတ်အဖြူလေးရောက်လာမှာကိုး။
ရိပေါ်ကားပေါ်ကဆင်းဆင်းချင်းပဲအမရှောင်းကသူ့ဆီအမောတကောပြေးလာတယ်။
"ရိပေါ်ရေ ဒုက္ခပါပဲကျန့်ကျန့်က စေ့စပ်လက်စွပ်ပျောက်သွားလို့တဲ့"
တစ်ပတ်တာခရီးစဉ်မှာသူကဒီမိသားစုနဲ့အတော်ရင်းနှီးနေပြီ။သူတို့ကသူတို့သားအငယ်ဆုံးလက်မထပ်ခင် မိသားစုခရီလာကြတာ။တမိသားစုလုံးကမှုန်နေအောင်ချောတယ် အထူးသဖြင့်အဲ့ဒိအမရှောငိးခေါ်နေတဲ့ကျန့်ကျန့်ဆိုတဲ့ သတို့သားလောင်းလေး ရှောင်းကျန့်။

YOU ARE READING
MENTIRA ( Completed )
FanfictionThis story is based on the novel "When harry meet sally" Otherwise, it's based on the movie " When Herry meet Sally "