MENTIRA-16

5.2K 584 58
                                        

ဗလယ်တာမှာ နစ်မြုပ်နေတဲ့ ဇာတ်လမ်းတချို့ရှိတယ်။

အေဂျင်စီရုံးခန်းထဲ ဝမ်ရိပေါ်ရဲ့စိတ်ပျက်လက်ပျက်ညီးညူသံကထွက်ပေါ်လာတယ်။

"ငါတကယ်မလိုက်နိုင်တော့ဘူး လူချိန်းပေး"

ရိပေါ်က ဆိုဖာပေါ်လျောထိုင်နေရင်းက သူ့အရှေ့က ဆွန်းယွန်းကိုဂျစ်တိုက်နေတယ်။

"အဆင်မပြေလို့ပါကွာ နောက်နှစ်ရက်ပဲကို"

ဆွန်ယွန်းက စာရင်းတွေစစ်နေရာက စာရွက်ချရင်းပြောလာတယ်။

"ကျစ်....ဘာလို့အဆင်မပြေရတာလဲ Davidတို့လည်းအားနေတာပဲ လူစားထည့်လိုက်ကွာ ရှောင်းကျန့်နဲ့သူ့အမျိုးသမီးကိုမြင်နေရတာ ငါအဆင်မပြေတာသိရက်နဲ့"

ရိပေါ်က စိတ်အိုက်လာဟန်နဲ့ စည်းမထားတဲ့ဆံပင်ရှည်ရှည်တွေကို ထိုးဖွတယ်။

"ဝမ်ရိပေါ်"

ဆွန်းယွန်းက သက်ပြင်းတစ်ချက်ရင်း ရိပေါ်ကိုခေါ်လာတယ်။သူ့အသံက အမှန်တကယ်ပဲ အရေးကြီးတာ တစ်ခုခုပြောမယ့်ပုံမလို့ ရိပေါ်က ပျင်းတွဲတွဲမှီနေရာက သေသေချာချာပြင်ထိုင်လိုက်တယ်။

"ရှောင်းမေ့ကျင်းက အကူညီတောင်းထားတယ်"

မထင်မှတ်ထားတဲ့စကားမှာ ရိပေါ်ကအံ့သြသွားရင်း မျက်ခုံးတစ်ဖက်ပင့်တယ်။

"ရှောင်းမေ့ကျင်းက?"

"ဟုတ်တယ် သူမကမင်းကိုပဲလိုချင်တယ်တဲ့ ဘာကိစ္စလဲဆိုတာငါမသိပေမယ့် သူမကမင်းမှမဟုတ်ရင် ပြဿနာရှာမယ့်ပုံနဲ့ပြောသွားတယ်"

ရိပေါ်က အခုမှသတိထားမိသွားတယ်။ရှောင်းကျန့်က ဒီပြန်လာတယ်။သူကအစားထိုးဂိုက်လိုက်ရတယ်။ တိုက်ဆိုက်မှူ့ဆိုတောင် ဒါကလုပ်ကြံထားတဲ့တိုက်ဆိုင်မှူ့မျိုးပဲ။

"အဲ့တော့ အစတည်းကလား"

ဆွန်းယွန်းက ခေါင်းငြိမ့်တယ်။ရိပေါ်က သူ့ရှေ့ကဆွန်းယွန်းကို ဆွဲထိုးပစ်ချင်လာတယ်။သူဘယ်လောက်ပြိုလဲခဲ့လဲဆိုတာ မြင်ရက်နဲ့ ဒီလူနဲ့ပြန်တွေ့ဖို့လုပ်ပေးတယ်လား။

"ငါတောင်းပန်တယ်.....သူတို့ကိုသာတွေ့ရင်မင်းလက်တွေ့ဆန်လာမယ်လို့ငါတွေးမိလို့"

MENTIRA ( Completed )Dove le storie prendono vita. Scoprilo ora