Bugibba ရဲ့နေ့လည်နေခင်းက ဗလယ်တာထက်တော့နည်းနည်းပူတယ်။
ညနေစောင်းမရောက်ခင် ရိပေါ်နဲ့ရှောင်းကျန့်က ညစာအတွက်အလုပ်ရှုပ်နေကြတယ်။
သူတို့က ကမ်းခြေက ဘန်ဂလိုလေးရဲ့ မီးဖိုခန်းထဲမှာ ရိုးရာမပျက်ငြင်းခုန်နေကြပြန်တယ်။"ရိပေါ် မင်းချက်တက်တာ သေချာလို့လား"
"ခင်ဗျား ကြည့်ထားလိုက်စမ်းပါ"
ရိပေါ်က ရှောင်းကျန့်ကို ပါစတာလုပ်ကျွေးမယ်ဆိုပြီး ခပ်တည်တည်နဲ့ အေပရွန်တွေကောက်ဝတ်ထားပြီး ဓားကြီးတကားကားနဲ့ သခွါးသီးတွေကိုဓားပြားလိုက်ရိုက်နေတယ်။
ရှောင်းကျန့်က ဟင်းချက်စားပွဲပေါ် လက်တင်ရင်း ရိပေါ်ကို စိတ်ပျက်ဘက်ပျက်ကြည့်နေတယ်။
"ရိပေါ် မင်းသခွါးသီးတွေက စားလို့တောင်ရပါ့မလား"
ရိပေါ်က အခုမှသူ့သခွါးသီးတွေကိုငုံ့ကြည့်တယ်။ပုံပျက်ပန်းပျက်သခွါးသီးလေးက ရိပေါ်ကိုအော်ငိုပြနေသလိုပဲ။
နောက်ဆုံးမှာတော့ အေပရွန်လေးက ရှောင်းကျန့်လက်ထဲရောက်လာတော့တာပါပဲ။
ရှောင်းကျန့်က အသီးနှံ့တွေကိုခပ်စိတ်စိတ်လေးလှီးဖြတ်နေတယ်။ရိပေါ်ကိုသူမခိုင်းရဲဘူး ဒါကြောင့်ရှေ့မှာပဲထိုင်ခိုင်ထားတယ်။
ရိပေါ်က ရှောင်းကျန့်ကို စားပွဲပေါ်လက်လေးထောက်ရင်း လက်သီးဆုပ်လေးနားထင်မှာကပ်ကာ ငေးနေတယ်။
ရှောင်းကျန့်က ကြောင်လေးလိုပဲယုန်လေးနဲ့လည်းတူတယ်။အခုတော့ဖယောင်းရုပ်ထုလေးလိုပဲ။ပုံသွင်းမထားတဲ့ ဆံပင်တွေက နှဖူးပေါ်ဝဲကျလို့ အခုချိန်ရှောင်းကျန့်က သူ့ထက်တောင်ငယ်နေပုံပေါက်တယ်။
ဓားကိုင်ထားတဲ့လက်တွေကလည်း ခပ်သေးသေး။
ရိပေါ်ကငြိမ်ငြိမ်လေးပဲ ရှောင်းကျန့်လုပ်သမျှကို မျက်တောင်မခတ်ငေးနေတယ်။ကျောပေးရက်ချက်နေတဲ့အခါ ကျောပြင်လေးကိုငေးတယ်။
"ရ်ိပေါ် ဆော့စ်လာမြည်းပေးဦး"
ရိပေါ်က ကျောပေးရင်း ချက်နေတဲ့ရှောင်းကျန့်ဘေးသွားတယ်။လက်တစ်ဖက်က ကောင်တာပေါ်တင်ရင်း တစ်ဖက်ကတော့ ရှောင်းကျန့်ခါးပေါ်မှာ။
YOU ARE READING
MENTIRA ( Completed )
FanfictionThis story is based on the novel "When harry meet sally" Otherwise, it's based on the movie " When Herry meet Sally "