ဗလယ်တာကညနက်လေစည်ကားလေပဲ။
ညလေခပ်အေးအေးမှာ ရိပေါ်က ဂျာကင်အနက်လေးရယ် လယ်သာဘောင်းဘီရှည်လေးရယ်နဲ့ တင့်တင့်တည်တည်လေး။
သူကခပ်သုတ်သုတ်ပဲလမ်းလျှောက်နေသည်။ဦးတည်ရာကမြို့ထဲကဘားတစ်ခုကို။
ရိပေါ်ကအခုရက်ပိုင်းစိတ်ပင်ပန်းနေတယ်။အဖြူလေးတစ်ယောက်လောက်နဲ့ညကိုပျော်ပါးပြီး စိတ်ညစ်စရာတွေမေ့ပစ်ဖို့လုပ်မယ်။
ဗလယ်တာရဲ့ဘားတွေကအရှေ့မှာဆိုင်းပုဒ်လေးတစ်ခုပဲရှိတယ်။အထဲဝင်သွားတဲ့အခါမှာတော့ အပြင်ဆင်တွေဟာ အီတာလီယံစတိုင်ဘက်ရောက်တယ်။ဒါပေမယ့်ဗလယ်တာဘားတွေက မိုက်တွင်းနက်တယ်။အေးဆေးနေရင်လောကဘုံ ဖင်ယားရင်ငရဲဆိုတာမျိုးပေါ့။
ရိပေါ်ကခပ်ပြင်းပြင်လေးတစ်ခွက်မှာတယ်။မကြာခင်မှာပဲသူ့နားမှာ အဖြူကောင်လေးတစ်ယောက်ယောက်ကတဝဲလည်လည်လုပ်လာတယ်။
တစ်ခွက်လောက်ဝင်ပြီးတဲ့အခါမှာတော့ ရိပေါ်ကကောင်လေးနဲ့အဆင်ပြေသွားတယ်။သူ့ရှေ့ကဆံပင်ရွှေရောင်တွေနဲ့ကောင်လေးနားကိုကပ်ပြီးပရော်ပရီလုပ်နေတုန်း မျက်လုံးထောင့်ကနေရင်းနီးတဲ့ပုံရိပ်ကဝင်လာတယ်။
ရှောင်းကျန့်?ရိပေါ်ကအဖြူလေးကိုအဖက်မလုပ်အားတော့ဘူးအဲ့လူနားလေးပဲအပြေးသွားတော့တယ်။
ရှောင်းကျန့်ကလည်ပင်းပေါက်ခပ်ကျယ်ကျယ်တီရှက်နဲ့ ဂျင်းပန့်အနက်လေးကိုဝတ်ထားတယ်။လည်ပင်းပေါက်ကပုခုံးထိလျောကျနေတယ်။
"ရှောင်းကျန့်"
သူလှမ်းခေါ်တာကြားတော့ ရှောင်းကျန့်ကအံ့ဩသွားဟန်လေးပြတယ်။တမင်အံ့ြသပြနေတာအသိသာကြီး။ရိပေါ်ကရှောင်းကျန့်ကို ချောင်တစ်ခုထဲဆွဲခေါ်လာတယ်။
"ခင်ဗျားဒီကိုဘာလာလုပ်တာလဲ"
ရိပေါ်မျက်ခုံးတွေကထိလုနီးနီး။ခပ်မာမာသူ့စကားနောက်မှာရှောင်းကျန့်က ဟင် ပဲအသံထွက်ပြီးမုန်လာဥလုပ်နေတယ်။
"ခင်ဗျားကျွန်တော့နောက်လိုက်လာတာလား"
"မဟုတ်တာ.....ငါလည်း အပျော်လာရှာတာလေ မင်းနဲ့တွေ့တာတိုက်ဆိုင်တာပဲနော်"
ESTÁS LEYENDO
MENTIRA ( Completed )
FanficThis story is based on the novel "When harry meet sally" Otherwise, it's based on the movie " When Herry meet Sally "