MENTIRA-17

6.8K 609 43
                                        

ဗလယ်တာက နက်ရှိုင်းတဲ့အညိုရောင်လေး...~

တစ်စုံတစ်ယောက်မျက်ဝန်းတွေလိုပေါ့။

ရိပေါ်က အခန်းနံပါတ် ( ၁၀၆ ) ဆိုတဲ့ အညိုရောင်တံခါးရှေ့မှာရပ်နေတယ်။

သူကတံခါးခေါက်ဖို့ ခဏခဏ လက်ရွယ်မိပေမယ့် တံခါးမခေါက်ဖြစ်သေးဘူး။

ရှောင်းကျန့်ကိုတွေ့တဲ့အခါ သူဘာပြောရမလဲ။

ခင်ဗျားနေတက်လိုက်တာလို့လား။

ခင်ဗျားဟန်ဆောင်ကောင်းလိုက်တာ လို့လား။

ဒါမှမဟုတ်...

ခင်ဗျားကို လွမ်းနေခဲ့တာ ဆိုတာမျိုးလား။

ရိပေါ်က သူ့လက်ထဲက ကွာရှင်းစာချုပ်နဲ့ Flight ticket ကိုငုံ့ကြည့်တယ်။ရှောင်းကျန့်က ဘာကိုရွေးမှာလဲ။

ရှောင်းမေ့ကျင်း ဆီကသိရတာ သူတို့က ဟိုတယ်အခန်းခွဲနေကြတယ်။သူကတစ်ခါမှ ဟိုတယ်ကို လိုက်မပို့ခဲ့တဲ့အတွက် သူတို့ကိုတစ်ခန်းထဲပဲမျှသုံးတယ်ထင်ထားခဲ့တာ။

အဲ့အတွက်လည်း သူကပူလောင်နေခဲ့ရတာ။

ရိပေါ်က သက်ပြင်းတစ်ချက်ရှိုက်တယ် နောက်တော့သူက လက်ကိုမြှောက်လိုက်ရင်း တံခါးခေါက်တယ်။

တံခါးနှစ်ချက်လောက်ခေါက်အပြီးမှာ အထဲကနေ ရှောင်းကျန့်ရဲ့ လာပြီ ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ရိပေါ်က အရင်တစ်ချိန်ကို သတိရသွားတယ်။တစ်ချိန်တုန်းကလည်း သူဒီလိုတံခါးခေါက်ဖူးတယ် ပြီးတော့ အဲ့နေ့မှာပဲ ဒီလူကသူ့ဘဝထဲလှမ်းလာဖို့ စာချုပ်တစ်ခုကိုပေးခဲ့တယ်။

အခုတော့ ဒီလူ့ကိုသူ့ဘဝထဲပြန်ခေါ်ဖို့ သူကစာချုပ်တစ်စောင်ကိုကိုင်ရင်း တံခါးခေါက်နေရတယ်။

ဒါမှမဟုတ် အပြီးတိုင်ဝေးကြဖို့ သူကလက်မှတ်တစ်စောင်နဲ့ပေါ့။

ကလစ် ဆိုတဲ့အသံနဲ့အတူ တံခါးပွင့်လာတာနဲ့ ပထမဆုံးမြင်လိုက်ရတာ ရှောင်းကျန့် ရဲ့ အံ့ဩနေတဲ့မျက်ဝန်းအညိုတွေ။

"ရိပေါ် "

ရှောင်းကျန့်က သူ့ကိုမြင်လိုက်ရတာကြောင့် အလွန်အံ့ဩနေပုံရတယ်။

MENTIRA ( Completed )Onde histórias criam vida. Descubra agora