MENTIRA- 15

5.3K 536 20
                                        

ဗလယ်တာက မနက်ခင်းရဲ့ရောင်ခြည်မှာတောင် အညိုရောင်ခံစားချက်တွေကြားနစ်မြုပ်နေတုန်းပဲ။

ရိပေါ်က ကားမောင်းရင်း ဆယ်ကြိမ်မြောက်သက်ပြင်းကိုခပ်လေးလေးချတယ်။

မနေကညက ရှောင်းကျန့်တို့ကို ဟိုတယ်ရှေ့ချပေးခဲ့ပြီး သူထွက်လာတာ။

တကယ်က ဂိုက်တစ်ယောက်အနေနဲ့ သူကအခန်းတွေအဆင်ပြေလားအရင် စီစစ်ရမှာ။

ဒါပေမယ့် အဲ့လူကိုသူ့အမျိုးသမီးကိုအခန်းထဲထိလိုက်ပို့ဖို့လောက်အထိ သူနှလုံးသားကမရင့်ကျက်နိုင်သေးဘူး။

တစ်ညလုံးအတွေးပေါင်းမြောက်များစွာနဲ့ ရိပေါ်က မိုးဘင်းခါနီလေးမှ အိပ်ပျော်ခဲ့တယ်။ဒါပေပမယ့် ဒီနေ့တစ်ရက်ပဲ လိုက်ပေးပါဆိုတာကြောင့် city tour အတွက် သူကမသွားချင်တဲ့ တစ်နေရာကိုဦးတည်နေရတယ်။

အိပ်ရေးပျက်ဒဏ်တွေရယ် အတွေးတွေရယ်ကြောင့် ရိပေါ်က အရင်လိုကြည်လင်နေတဲ့လူငယ်လေးပုံ လုံးဝပျောက်ဆုံးနေတယ်။

ရိပေါ်ကားကွေ့ချလိုက်တော့ ရှောင်းကျန့်နဲ့သူ့အမျိုးသမီးက ဟိုတယ်ရှေ့ရပ်နေတာတွေ့လိုက်ရတာကြောင့် မလှမ်းမကမ်းမှာ ပါကင်ထိုးရင်း ရိပေါ်က အဲ့ဘက်ကိုသွားဖို့လုပ်တယ်။

ရှောင်းကျန့်က ရှပ်အဖြူရောင်နဲ့ သူ့ဘေးကအမျိုးသမီးလေးကတော့ အညိုရောင်နဲ့အနက်ရောင်စပ်ထားတဲ့ဂါဝန်အကွက်လေးနဲ့။

ဘယ်လိုနေနေ မှိုင်းညို့နေတဲ့ရှောင်းကျန့်ဘက်ကို ရိပေါ်က ခဏတော့အကြည့်ချော်သွားမိတာပဲ။

"မနေ့ညကကောင်းကောင်း အိပ်ပျော်ရဲ့လား"

ရိပေါ်က သာမာန်သမာရိုးကျ နှုတ်ဆက်နည်းနဲ့အစပြုတယ်။

"ခရီးပင်ပန်းလာလို့ထင်တယ် ကောင်းကောင်းအိပ်ပျော်ပါတယ်"

မေ့မေ့က ပြုံးရင်းပြန်ပြောလာတယ်။ရှောင်းကျန့်က ဘေးမှာတိတ်တဆိတ်ရပ်နေတုန်းပဲ။

"ဒါဆိုကျွန်တော်တို့ ပြတိုက်သွားရင်း ဗလယ်တာကိုနက်နက်ရှိုင်းရှိုင်းတူးဖော်ကြမလား"

ရိပေါ်က အလွတ်ရနေတဲ့စကားလုံးတွေကိုထပ်ရွတ်တယ်။သူကမျက်လုံးတွေကို ဘေးကအရိပ်ဆီရောက်မသွားအောင်မနည်းထိမ်းထားတယ်။

MENTIRA ( Completed )Where stories live. Discover now