MENTIRA-5(U)

7.8K 945 21
                                    

မနက်ခင်းနေရောင်ကဗလယ်တာပေါ်ကိုခပ်နွေးနွေးဖြန့်ကျက်လျက်။

ရိပေါ်ကနေရောင်ခပ်စူးစူးကြောင့် မျက်ခုံးတွေကျုံ့ရင်း နိုးလာတယ်။သူ့ရဲ့ဘယ်ဘက်ပုခုံးတစ်ခုလုံးက ထုံကျင်နေတာကို ရိပေါ်ကပထမဆုံးသတိထားမိတယ်။

ရှောင်းကျန့်က သူ့ဘယ်ဘက်ပုခုံးပေါ်ကနေရင်ဘက်နားထိအပိုင်ဆီးထားတယ်။
လက်တစ်ဖက်ကသူ့ဗိုက်ပေါ်မှာတင်ရင်း အကျအနအိပ်လို့။

ရိပေါ်ကရှောင်းကျန့်ခေါင်းကို အောက်ချပေးဖို့ညာလက်နဲ့ဖြေးဖြေးလေးကိုင်တယ်။သူကရှောင်းကျန့်ကိုလည်း နိုးမသွားစေချင်ဘူး။ဒါပေမယ့်ရှောင်းကျန့်က ခါးနားကလက်ကိုတင်းလိုက်တာမလို့ သူ့ကရှောင်းကျန့်နဲ့မျက်နှာချင်းဆိုင်ကိုပြန်ကျသွားတယ်။

ရှောင်းကျန့်ရှူထုတ်လိုက်တဲ့ထွက်သက်နွေးနွေးကို ရိပေါ်ခံစားမိသည်အထိ သူတို့ကနီးကပ်နေကြတာ။ရိပေါ်က ရှောင်းကျန့်ရဲ့မျက်တောင်စိတ်စိတ်တွေကို ငေးနေမိတယ်။ပြီးတော့နှုတ်ခမ်းအောက်ကမှဲ့လေး။သူ့ရင်တွေကတဆတ်ဆတ် တုန်လာသလိုပဲ။
ဒါကရင်းနှီးလွန်းပြီးဝေးကွာနေတာကြာပြီဖြစ်တဲ့ခံစားချက်ပဲ။

တစ်ပြိုင်နက်တည်းသူ့အတွေးတွေကနောက်ကျိလာတယ်။

အနီရောင်အုပ်ကြွပ်တွေအထပ်ထပ်မိုးထားတဲ့နန်းတော်ခေါင်မိုးတွေ။
ရေကန်လေးရဲ့ဘေးမှာရိပေါ်လက်ထဲကစုတ်တံတွေ။

"ဟန်ကော ကျွန်တော်လှလား"

"ရိပေါ် လျှောက်မလုပ်နဲ့ ပေကုန်ပြီကွာ ဒီလာ ကောဆီလာခဲ့သုတ်ပေးမယ်"

"ဟားဟား ကောကောရောပေကုန်ပြီ"

ရိပေါ်အာရုံထဲက ပုံရိပ်တွေက အပိုင်းပိုင်းအပြတ်ပြတ်။ရိပေါ်ကလက်တွေ တဆတ်ဆတ်တုန်လာတယ်။ဘာလို့အဲ့လူကရုတ်တရက်....။

ခံနိုင်တော့တဲ့အဆုံး သူကဆတ်ခနဲထရပ်လိုက်တယ်။
ရိပေါ်လှုပ်လိုက်တာကြောင့် ရှောင်းကျန့်ကနိုးလာတယ်။

သူပထမဆုံးမြင်လိုက်တာကတော့ နံရံကိုလက်ထောက်ရင်း မျက်ဝန်းတွေရဲပတောင်ခတ်နေတဲ့ရိပေါ်ပဲ။
ရှောင်းကျန့်ကလန့်သွားတယ်။သူကခပ်မြန်မြန်ပဲ ရိပေါ်နားရောက်သွားတယ်။

MENTIRA ( Completed )Where stories live. Discover now