MENTIRA-2(u)

10.5K 1.1K 17
                                        

ဗလယ်တာရဲ့တစ်ခုတည်းသောအရှေ့တိုင်းအစားအသောက် ရောင်းတဲ့ဆိုင်လေးက အဖြူရောင်လေးတွေသုတ်ထားပြီး အေးအေးချမ်းချမ်းရှိလှတယ်။
Photograph ကိုတိုးတိုးလေးဖွင့်ထားတယ်။။

သီချင်းသံနှင့်အပြိုင်တစီစီထွက်လာတာကရှောင်းကျန့်နဲ့ရိပေါ်ရဲ့အသံ။

"ရှောင်းကျန့် ခင်ဗျားဒီဆိုင်မှာကျကျန်ခဲ့တာ ဟုတ်ရောဟုတ်ရဲ့လား"

"ဟုတ်ပါတယ် ညဆိုတော့ငါနေရာမသိပေမယ့် ဒီဆိုင်ထင်တာပဲ"

ရှောင်းကျန့်က ထိုင်ထံအောက်တွေကို ကုန်းကုန်းကွကွနဲ့ရှာတယ်။ သာမာန်သစ်သားထိုင်ခံလေးတွေဖြစ်တာကြောင့် ငုံ့ကြည့်ရင်ကိုရပေမယ့် ရှောင်းကျန့်ကတော့အောက်ထိကုန်းကုန်းကွကွ ရှာနေတယ်။

ရိပေါ်က ထိုင်ခုံပေါ်ထိုင်နေရင်း စိတ်ပျက်လက်ပျက်နဲ့ကြည့်နေတယ်။ထင်ထားပဲ လို့ပြောကတည်းကရှောင်းကျန့်ကသူ့လက်စွပ် ဘယ်မှာကျခဲ့လဲမသိဘူး။ဒီအရေးမပါတဲ့အလုပ်က်ို သူကလိုက်ပေးနေရတယ် ။

"ခင်ဗျားကျခဲ့တောင် သူတို့ကသန့်ရှင်းရေးလုပ်ပြီးပြီလေဗျာ ခင်ဗျားလက်စွပ်က ဘယ်မှာကျခဲ့လဲတောင်မမှတ်မိဘဲနဲ့ "

နောက်ဆုံးရှောင်းကျန့်ကခုံတွေအောက်ရှာနေရာကနေထွက်လာပြီး သူ့ရှေ့လာထိုင်တယ်။ မျက်နှာကအပြုံးခပ်ကြီးကြီး ဆွဲထားလိုက်သေးတယ်။

"ဒါကတော့ ရှာကြည့်ရင်တွေ့မှာပေါ့ "

ရိပေါ်ကသူ့က်ိုပြုံးပြနေတဲ့ရှောင်းကျန့်ကိုသေချာကြည့်တယ် ။ရှောင်းကျန့်ကတကယ်ချောတယ် ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်း ရှပ်လက်ရှည်တွေနဲ့လူက အခုတော့ဆွယ်တာအဖြူလေးနဲ့ ။

အရင်ရက်တွေကသေချာစကားမပြောဖူးလို့သတိမထားမိပေမယ့် အခုတော့ရှောင်းကျန့်နှုတ်ခမ်းအောက်က မှဲ့လေးကိုရိပေါ်သတိထားမိသွားတယ်။ သူအကြာကြီးကြည့်နေမိသည် ယောကျ်ားလေးတွေကလည်းမှဲ့ပါရင် လှတာပဲလား။

သူအရင်ကတွဲခဲ့တဲ့မဖြူလေးတွေကတော့ချောတယ်ဆိုပေမယ့် မလှကြဘူး။စိတ်မကောင်းစရာက ရှောင်းကျန့်ကသတို့သားလောင်း။ ပြီးတော့သူအခုထိရှောင်းကျန့်ရဲ့အရေးမပါတဲ့ လက်စွပ်ရှာဖွေရေးကိုကူညီရတာ စိတ်ညစ်နေတုန်းပဲ။

MENTIRA ( Completed )Where stories live. Discover now