MENTRIA- 11

5.3K 550 19
                                        

ဗလယ်တာရဲ့ ပတ်ဝန်းကျင်ဟာ တသီးတသန့်ဆန်တယ်။နေရာတကာမှာ တိုက်အဟောင်းကြီးတွေနဲ့။

ရိပေါ်ရဲ့တိုက်ခန်းက တိုက်ဟောင်းကြီးတစ်လုံးရဲ့ တတိယထပ်မှာရှိတယ်။

စတယ်လာ့ဆီက ပြန်ရောက်ကတည်းကရှောင်းကျန့်က ပေတေတေနဲ့ဆိုဖာပေါ်မှာငူငူလေးထိုင်နေတာကြောင့် ရိပေါ်ကအတင်းဆွဲပြီးရေချိုးခိုင်းထားရတယ်။

ရိပေါ်က ညစာအတွက် ပီဇာကိုမှာထားတယ်။

ပီဇာဆိုင်ကသိပ်မဝေးတာကြောင့် ရှောင်းကျန့်ရေချိုးပြီးတာနဲ့ ပီဇာလာပို့တယ်။

ရိပေါ်က ဂျိုင်းပြတ်အိင်္ကျီအဖြူလေးနဲ့ ဆိုဖာပေါ်မထိုင်ဘဲ အောက်မှာဆင်းထိုင်တယ်။

ရေချိုးပြီးခါစ ရှောင်းကျန့်က ဆွယ်တာအပါးလေးနဲ့ သူကရိပေါ်ရဲ့ဘေးကဆိုဖာပေါ်ထိုင်ရင်း ပီဇာတစ်စိတ်ကို ဖြေးဖြးချင်းဝါးနေတယ်။

ရေချိုးပြီးခါစမလို့ ရှောင်းကျန့်နားက ဆပ်ပြာနံ့သင်းသင်းလေးရတယ်။

"ရှောင်းကျန့် မနက်ပြန်ဆွန်ယွန်းက သူ့ကောင်လေးနဲ့မိတ်ဆက်ပေးဖို့တဲ့ ခင်ဗျားကိုပါခေါ်ခဲ့ခိုင်းတယ်"

ရိပေါ်က ပီဇာတစ်ချပ်ကို ခပ်ကြိတ်ကြိတ်ဝါးရင်းက ရှောင်းကျန့်ဘက် တစ်စောင်းမော့ရင်းပြောတယ်။

"သူ့ကောင်လေး?"

ရှောင်းကျန့်က ဆွန်းယွန်းကောင်လေးဆိုတာကို အခုမှကြားဖူးတာကြောင့် မေးခွန်းထုတ်လာတယ်။

"သူ့ကောင်လေးက ကိုရီးယားလေ အခု Malta ကိုရောက်နေလို့"

ပလုတ်ပလောင်းလေး ရိပေါ်ကနှုတ်ခမ်းဘေးတွေပေပွနေလို့ ရှောင်းကျန့်ကလက်မနဲ့ဖိသုတ်ပေးတယ်။

ပြီးတော့မှ သူကမလုပ်သင့်တာကိုလုပ်မိသလိုရုပ်လေးဖြစ်သွားပြန်တယ်။

ရိပေါ်ကတော့ မသိသလိုပဲ။

"မနက်ဖြန် သူ့ကောင်လေးအတွက်တစ်ခုခုဝယ်သွားမယ်လေ"

ရှောင်းကျန့်က လက်ကျန်ကိုလာကိုအမြန်မော့ချရင်း ပြောတယ်။

ရိပေါ်က ထပြီးဇာတ်ကားတစ်ကားဖွင့်တယ်။အမြဲတိုက်ခိုက်နေတဲ့ကားတွေကို ရှောင်းကျန့်ကမကြိုက်ပေမယ့် ရိပေါ်ကစိတ်ဝင်တစားမလို့ သူကပါငြိမ်ငြိမ်လေးကြည့်ပေးတယ်။

MENTIRA ( Completed )حيث تعيش القصص. اكتشف الآن