(Zawgyi ver)
ကျွန်တော်လည်း စိတ်တိုတိုနဲ့ bin လက်ကိုဆွဲပြီးထွက်လာခဲ့တာ ကန်တင်းရောက်တဲ့အထိဆိုပါတော့
binကလည်း ကျွန်တော်ဆွဲခေါ်လာတဲ့နောက်ကို ဘာစကားတစ်ခွန်းမှမဆိုဘဲခေါင်းလေးငုံ့ကာပါလာတယ်လေ ကန်တင်းရောက်တော့ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး
"Bin!"
ကျွန်တော်အသံနည်းနည်းကျယ်သွားတာကြောင့် ဘေးဝိုင်းကလူတစ်ချို့ကပါလှည့်ကြည့် လှည့်ကြည့် ဖြစ်သွားတယ် bin ကတော့ ကြောက်လို့ထင်ပါရဲ့ သူ့ကိုယ်လေးပင် တုန်တက်သွားတယ်
ကျွန်တော်လည်း မျက်လုံးမှိတ်၍အသက် ဝဝ ရှူကာစိတ်ကိုအရင်လျော့ပြီးမှ"bin ကိုယ်မေးတာအမှန်တိုင်းဖြေ"
bin ခေါင်းလေးသာငြိမ့်ပြရှာတယ် ကျွန်တော့်မျက်နှာကိုတော့ပြန်ကြည့်မလာပါ
"bin ကိုယ့်ကိုကြည့် သူတို့ကဘာလို့မင်းကိုအဲ့လို ဆက်ဆံတာလဲ? မင်းကရော ဘာလို့ဘာမှပြန်မပြောဘဲငြိမ်နေတာလည်း ဟမ်! ငါမေးနေတယ် မင်းကရောလို့!!!"
"bin..bin..ကြောက်...ကြောက်လို့ပါ"
"ဘာာာာာ!!!"
"ဟုတ်တယ် yeon....bin သူ..သူကိုကြောက်တယ်"
ခေါင်းသာတွင်တွင်ငုံ့ပြီး တစ်ရှုံ့ရှုံ့ ငိုနေတဲ့ ကလေးပေါက်စ ရယ်ပါ
"bin ကသူတို့ကိုဘာလို့ကြောက်ရတာလဲ ကိုယ့်ကိုပြောပြလို့ရမလား ငါတက်နိုင်တာရှိရင် ကူညီမယ်လေ ဟုတ်ပြီလား အဲ့တာကြောင့်မငိုနဲ့တော့
Aigoo ကလေးကျနေတာဘဲ မငိုနဲ့တော့ ဟုတ်ပြီလား"ကလေးတစ်ယောက်လိုကျွန်တော်ချော့မြူလိုက်တော့ မျက်ရည်တွေသုတ်ပြီးပါးချိုင့်လေးတွေခွက်ဝင်သွားတဲ့အထိ အလှပဆုံးပြုံးပြလာတဲ့ bin
လှတယ် အင်း သိပ်လှတယ် ကျွန်တော်ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့သုံးနှုန်းလိုက်မိတာလား တကယ်လည်း bin အပြုံးကသိပ်ကိုလှရက်လွန်းပါတယ်"yeon ya...yeon"
ကျွန်တော် bin အပြုံးတွေကိုငေးနေမိတာ သူခေါ်နေတာတောင်မကြားမိတဲ့အထိ bin ခေါ်သံကြားမှ အသိပြန်ဝင်လာပြီး
YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)