Part 10

1.6K 161 3
                                        

(Zawgyi ver)

ကျွန်တော် hueka ရဲ့ ရင်ခွင်ထဲမှာ အားရအောင်ငိုချခဲ့ရတဲ့အတွက် စိတ်ထဲအတော်ပေါ့သွားသလိုခံစားရတယ် ကျေးဇူးတင်ပါတယ် hueka...
မင်းငါ့ကိုနှစ်သိမ့်ပေးခဲ့လို့

အဲ့လိုနဲ့ ကျောင်းတက်တော့မှာမို့ hueka နဲ့အတူ အခန်းထဲကိုပြန်လာခဲ့လိုက်တယ်
အခန်းထဲရောက်တော့

"soobin မင်း yeonjun နဲ့မတွေ့ခဲ့ဘူးလား?"

အခန်းထဲဝင်ဝင်ချင်း beomgyu ရဲ့အမေးမှာ ကျွန်တော် choi soobin အံ့သြရပြန်ပြီ

"ငါကဘာလို့ yeon နဲ့တွေ့ရမှာလည်း?"

ဟုတ်လည်းဟုတ်သည်လေ ထမင်းစားချိန်တုန်းကတော့ ကျွန်တော့်ကိုရှောင်နေတဲ့သူနဲ့ ကျွန်တော်ကဘယ်လိုများတွေ့ရမှာ?

"အမ်! ခုနက ယူနာနဲ့တူတူပါသွားတယ်လို့ ငါနဲ့ beomgyu နဲ့ပြောလိုက်လို့ yeonjun မင်းနောက်လိုက်သွားတာ"

"ဟင် ဒါကဘာစကားလည်း taehyun"

"ဟုတ်တယ် မယုံရင် beomgyu ကိုမေးကြည့်"

"taehyun ပြောတာအမှန်ဘဲ soobin ya
yeonjun မင်းနောက်လိုက်သွားတာ မတွေ့ခဲ့ကြဘူးလား?"

ပြောရင်ဆိုရင်းဘဲ အခန်းထဲသို့ မီးဟုန်းဟုန်းတောက်နေသော အကြည့်များနဲ့ ဝင်လာသော yeonjun

ထို့နောက် soobin ရဲ့ လက်တစ်ဖက်အား လှမ်းဆွဲလိုက်တဲ့ yeonjun.... တစ်ဖက်တွင်လည်း
hueka ရဲ့ အလိုမကျစွာ မျက်မှောင်ကျုံ့သွားသည်က
ထင်းခနဲ...

"တစ်နေရာမှာစကားသွားပြောရအောင်"

အတည်ပေါက်ကြီးပြောလာတဲ့ yeonjun ကြောင့် အခြေအနေကပိုဆိုးလာသယောင်...

ဒါကဘယ်လို့အခြေအနေလည်းဆိုတာ ကျွန်တော်ကိုယ်တိုင်လည်းနားမလည်တာအမှန်

yeonjun ကသူကလွဲရင် တစ်ခြားလူနဲ့ပတ်သက်တာမျိုး လုံးဝမကြိုက်တာ သူအသိဆုံးဖြစ်သည်
ဒီတိုင်း မပတ်သက်ဖို့ကျပြန်တော့လည်း hueka မှာ ကိုယ့်အပေါ်နားလည်ပေးနိုင်လွန်းတဲ့ သူငယ်ချင်းဖြစ်နေတော့....

သူတွေဝေနေတုန်းကျန်နေသေးသည့် လက်တစ်ဖက်ကို
ဆွဲကိုင်ကာခေါ်လာသည့် hueka..

"soobin"

"ဟင်"

"နေရာမှာထိုင်တော့ sam လာတော့မယ်"

Regrets [Completed]Where stories live. Discover now