(Zawgyi ver)
ကျွန်တော် မနေ့ညက bin ကိုပြုမူမိတဲ့အြုပုမူကြောင့် ကျွန်တော် တစ်ညလုံးအိပ်မရခဲ့
မနက်ဖြန် ကျောင်းသွားတော့လည်း bin ကိုမျက်နှာပူတာကြောင့် ဝင်မခေါ်ဖြစ်ခဲ့ပါ
ကျောင်းမှာတွေ့ရင်လည်း ဘာပြောရမှန်းမသိ bin ကိုဘယ်လိုရင်ဆိုင်ရမှန်းမသိbin ရော ကျွန်တော်လိုဘဲခံစားနေရမလားဘယ်လိုခံစားနေရမလဲ
ဘက်စ်ကား မှတ်တိုင်မှာ ကားစောင့်နေတုန်းလည်း ph ကိုကျွန်တော်ကြည့်နေမိတယ် bin များ ph ခေါ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့
ဟက် ကျွန်တော်က တကယ်ရီရတာဘဲနော် တကယ်ဆို မှားခဲ့တာကျွန်တော်လေ ကျွန်တော်က ph စခေါ်ရမှာပေါ့ကျွန်တော် အတွေးတွေ နယ်ချဲ့နေရင် သက်ပြင်းအသာချကာ လမ်းမထက်ကိုအကြည့်လွှဲလိုက်တော့...
ဟမ် bin အဲ့တာ bin မဟုတ်လား ဘေးကလူကရော ဘယ်သူလည်း bin ကရောဘာလို့ အဲ့လောက်တောင် ပြုံးနေရတာလည်း တော်တော်အပြုံးတွေပေါနေလားကွာ ကျစ်
ကားတစ်စီးပေါ်တွင် ကျွန်တော် bin ကိုတွေ့လိုက်ရတယ် ဘေးကလူနဲ့ရီမောပြီး စကားတွေပြောနေတဲ့ bin ကတော့ကျွန်တော်ကို မြင်မယ်မထင်ပါ
bin ရယ် မင်းတစ်ခြားလူနဲ့ ရီမောနေတာမြင်ရရင် ငါ့ရင်ဘက်က သေလောက်အောင်နာကျင်ရတယ်
အဲ့တာကြောင့် မင်းငါမဟုတ်တဲ့တစ်ခြားလူကို အဲ့လိုအပြုံးတွေမပေးပါနဲ့လား မပြုံးပါနဲ့ တစ်ခြားလူရှေ့မှာ အဲ့လိုမပြုံးပါနဲ့ကွာဒါ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အဖြူစင်ဆုံး အတ္တ
***************************
ကျွန်တော် ဒီနေ့ကျောင်းကို yeon မပါဘဲလာတာ ပထမဆုံးပါ
yeon ကျွန်တော့်ကို မနေ့ညက ကိစ္စနဲ့ မျက်နှာပူနေမှာသိတာကြောင့် ကျွန်တော် တစ်ယောက်ထဲဘဲသွားဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်
ကျွန်တော် ကျောင်းသွားခါနီး ခြံထဲကို ကားတစ်စီးဝင်လာတယ်
ထိုကားက အိမ်ရှေ့တွင်ရပ်လိုက်ပြီး ကားပေါ်ကနေ ဆင်းလာတဲ့ အလွန်ခန့်ညားပြီး ချောမောလွန်းတဲ့ထိုလူ

YOU ARE READING
Regrets [Completed]
RomantikChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)