(Zawgyi ver)
Soobin အိမ်ရှေ့မှာမတ်တပ်ရပ်နေရင်း အိမ်ထဲဝင်ဖို့ကြောက်နေမိတယ် Appa နဲ့ Omma အရမ်းစိတ်ပူနေမှာ သူသိသည်
အခုလဲ Yeonjun ဆီကခွင့်တောင်းပြီး လာခဲ့ရပေမယ့် သူကအပြင်မှာရပ်စောင့်နေလေသည် ချက်ချင်းပြန်ခေါ်သွားမည့်သဘော....
Soobin ကိုယ့်ကိုကိုယ်အားပေးကာ အိမ်ထဲဝင်လာမိတယ်
Appa တို့စိတ်ဆိုးနေလျှင်လည်းတောင်းပန်မည် အတွေးနဲ့ပေါ့အထဲရောက်တော့ ဧည့်ခန်းထဲမှာ စိတ်ဓာတ်ကျစွာ ခေါင်းငိုက်စိုက်ထိုင်နေကြလေသည်
"A..Appa.."
သူ့ခေါ်သံကြားတော့ လှည့်ကြည့်လာတဲ့ Omma မျက်နှာမှာ အံ့သြမှုအပြည့်... appa ကတော့ ဒေါသတစ်ကြီးလျှောက်လာကာ သူ့မျက်နှာပေါ် လက်သီးပြင်းပြင်း တစ်ချက်.....
"မင်းရူးနေတာလား Soobin!! ဒီမှာမိဘတွေ ဘယ်လောက်စိတ်ပူနေလဲ မသိဘူးလား?!"
Soobin နှုတ်ခမ်းမှစီးကျလာသော သွေးစများကို လက်ဖြင့်ဖိသုတ်လိုက်ပြီး ဘားမှပြန်မပြောပဲခေါင်း ငုံ့ထားမိတယ်
မင်္ဂလာပွဲမှာ သူကိုယ်တိုင်က အလိုတူအလိုပါ Yeon
နောက်လိုက်သွားခဲ့တာ အသိသာကြီးမဟုတ်လား??"တောင်းပန်ပါတယ်...appa"
"ဒါကတောင်းပန်နေရုံနဲ့ ပြီးမဲ့ကိစ္စလား! ပြီးတော့..."
ဒေါသကိုဖြေဖျောက်နေဟန်ရှိတဲ့ Appa လက်သီးကိုတင်းတင်းဆုပ်ကာ
"Choi Yeonjun နဲ့တူတူထပ်မတွေ့ချင်ဘူး"
"ဗျာ!!"
"အဲ့ကောင်ကို ငါထပ်မမြင်ချင်ဘူး"
"ကျွန်တော်...ကျွန်တော်မလုပ်နိုင်ဘူး"
"Choi Soobin!!!"
"ကျွန်တော်...ကျွန်တော်သူ့ကိုချစ်တယ် appa"
သူ့စကားကြောင့်အတော်ပင်ဒေါသထွက်ဟန်ရှိသွားတဲ့ Appa ကလက်သီးတစ်ချက်အရှိန်ပြင်းစွာ သူ့ဆီရောက်လာလေသည်...
~ခွပ်
နာကျင်သော်လည်း Soobin ဘားမှမပြောမိပေ...
ဒီလိုအထိုးခံလိုက်ရလို့သာ သူနဲ့ Yeon အဆင်ပြေမယ်ဆိုရင် ကျေကျေနပ်နပ်ကြီး ခံယူမိမှာ

YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)