Part 25

1K 102 8
                                        

(Zawgyi ver)

Soobin ကျောင်းရဲ့ချောင် အကျဆုံးနေရာက ထိုင်ခုံလေးပေါ် တစ်ယောက်တည်းလာထိုင်နေမိတယ်

အရင်က အနိုင်ကျင့်တိုင်းရှောင်ပုန်းချင်ရင် ဒီနေရာလေးအကောင်းဆုံး...

"Bin"

"Yeon..."

ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ
ခပ်တည်တည်လျှောက်လာတဲ့ Yeon က သူ့ဘေးဝင်ထိုင်လိုက်သည်

"တစ်ယောက်တည်း မပျင်းဘူးလား?"

"အာ..ဟင့်အင်း..."

"Yeon..ဒီနေရာကို ဘယ်လိုသိတာလဲဟင်?"

"ကြာပြီ...Bin ကကိုယ်မသိဘူး ထင်နေတာလား?"

"ဟုတ်"

"ဂင်ဒိုယောင်းတို့ အနိုင်ကျင့်လိုက်တိုင်း မင်းဒီမှာ အမြဲလာငိုနေကြလေ"

Yeonjun စကားကြောင့် ကောင်လေးအံ့သြသလို ကြည့်နေသည် တကယ်တော့သူဒီနေရာကို သိခဲ့တာ Bin ကြောင့်ပါ...

အမြဲလိုလို ဒီကောင်းလေးကိုပဲရှာနေခဲ့မိတာကို

ကျောင်းမတက်တဲ့နေ့တွေဆို ခိုးခိုးပြီးစိတ်ပူခဲ့မိပေမယ့်
ကောင်လေးကိုတော့ Huening kai ကိုမုန်းတာကြောင့် တွေ့တိုင်း အမြဲလိုလိုအသုံးချမိခဲ့တယ်

Huening kai ပေါ်အမုန်းတွေကို ဒေါသအဖြစ်ပြောင်းလဲပြီး ကောင်လေးအပေါ် အမြဲပုံချခဲ့မိတာမလား??

"ဒီမှာ ဘာလုပ်နေတာလဲ"

"အာ..ဒီတိုင်းပျင်းလို့"

Yeon ကအော် တစ်လုံးပဲပြောပြီး ဘားမှဆက်မပြောတော့ပေ...ထို့နောက် Soobin တက်ထားတဲ့ နားကြပ်တစ်ဖက်ကို ဆွဲဖြုတ်ကာ နားတစ်ဖက်မှာတပ်လိုက်ပြီး Soobin ပေါင်ပေါ် ခေါင်းအုံးကာ မျက်ဝန်းတို့ကိုမှိတ်လိုက်သည်

"ကိုယ်အိပ်တော့မယ်"

"ဗျာ..ah..ဟုတ်"

မျက်လုံးများမှေးစင်းကာ အိပ်ပျော်နေတဲ့ Yeon ကိုကြည့်ပြီး Soobin ရင်တွေခုန်နေမိသည်

တကယ်ပါ..ကျွန်တော်သိပ်ချစ်တဲ့လူက အရမ်းချောလွန်းတယ်
ကျွန်တော့်ကိုအမြဲကိုက်ခဲတက်တဲ့ နှုတ်ခမ်းပါးရဲရဲ...

Regrets [Completed]Where stories live. Discover now