(Zawgyi ver)
"ပြန်ရောက်ပါပြီ"
yeonjun အိမ်ပြန်ရောက်သည်နှင့် ပင်းပန်နေပြီဖြစ်တာကြောင့် အိပ်ခန်းထဲဝင်ရန်
ပြင်လိုက်တော့"သား jun ဒီကိုခဏလာအုန်း"
ဧည့်ခန်းထဲတွင်ထိုင်နေသော yeonjun omma မှလှမ်းခေါ်လိုက်ခြင်းဖြစ်သည်
"Nae omma"
"သား ဒီနေ့သားဆီကို သမီးယူနာ လာတယ်မဟုတ်လား?"
omma ကသိနှင့်ပြီးစားကိစ္စကို မသိချင်ယောင်ဆောင်၍မေးနေခြင်းဖြစ်သည်
"nae သူ့ omma က သားတို့ကို ညစာလာစားဖို့လာဖိတ်တာပါ"
"ဒါဆိုသွားရမှာပေါ့ သားရဲ့"
omma ခပ်ပြုံးပြုံးနှင့်ပြောလာသည်
omma ရဲ့အပြုံးတွေမှာ အဓိပ္ပါယ်တွေပါနေသည်လို့ ကျွန်တော့ခံစားမိသည်
" ဒါပေမဲ့ omma"
"omma ကိုငြင်းဖို့မကြိုးစားနဲ့နော် သားလိုက်ခဲ့ရမယ် အခုသွားနားတော့"
"nae"
yeonjun လည်း omma ကိုငြင်းလို့မရတာသိတာကြောင့်ဆက်ငြင်းမနေတော့ဘဲ အပေါ်ထိပ်ရှိ မိမိ အိပ်ခန်းရှိရာကိုသာ တက်လာခဲ့လိုက်သည်
ထုံးစံအတိုင်း မနက်ရောက်တော့ bin ကိုကျောင်းသွားဖို့ဝင်ခေါ်လိုက်သည်
ကျောင်းသွားတဲ့တစ်လမ်းလုံး bin ဆီမှ စကားတစ်ခွန်းမျှထွက်မလာခဲ့
ပုံစံဆို သာလိကာလို တတွတ်တွတ်စကားတွေပြောနေတက်တဲ့သူက အခုလိုတိတ်ဆိတ်နေတော့ ကျွန်တော်ပင် အနေခက်လာသည်
ထို့ကြောင့် ကျွန်တော်ကဘဲ စကားစလိုက်သည်
"bin နေမကောင်းဘူးလား ဘာဖြစ်နေတာလည်း ဘာလို့ငြိမ်နေတာလည်း ဒါမှမဟုတ် ကိုယ့်ကိုစိတ်ဆိုးနေတာလား"
အမှန်တိုင်းဆိုရရင် ကျွန်တော် yeon ကို စိတ်ဆိုးမိပါသည် အခန်းထဲတွင် gyu တို့နဲ့ထားခဲ့ပြီ ဟို ယူနာဆိုတဲ့ မိန်းကလေးနောက်လိုက်သွားတဲ့ yeon ကိုစိတ်ဆိုးမိပါသည် သို့သော်
"မဟုတ်ပါဘူး ဘာလို့ bin ကစိတ်ဆိုးရမှာလည်း "
"မသိဘူးလေ ကားပေါ်ရောက်ထဲကစကားမပြောတော့"

YOU ARE READING
Regrets [Completed]
RomansaChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)