Part 21

1.1K 116 5
                                    

(Zawgyi ver)

Soobin ဘားမှလုပ်စရာမရှိသည်မို့ ခြံထဲကပန်းလေးတွေကို ရေလောင်းနေမိတယ်
ပန်းတွေကိုသူကြိုက်သည်တော့မဟုတ်
အသက်ရှိတဲ့အရာတိုင်းကို သူတန်ဖိုးထားရုံပါ. . .

အခုဆိုသူဒီကိုရောက်တာ နှစ်ရက်လောက်ရှိပြီ
ရိုက်လိုက်သည့်နေ့ကစပြီး Yeonjun သူ့ကို
နည်းနည်းဂရူစိုက်လာလေသည်

အင်း အဲ့လိုဆိုတော့လည်းမဆိုးပါဘူး
Yeon အနားမှာ နေရတာတင်ပျော်နေပါပြီ

တထစ်ချစိတ်ချထားလို့လည်း မရသည်မို့
Soobin သက်ပြင်းချမိသည်...

"Bin..."

ရုတ်တရက်ခါးမှရစ်ပတ်လာတဲ့
လက်တစ်စုံနှင့် ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့လေး...

"Y..Yeon"

" ဘာလုပ်နေတာလဲ?"

"အာ..ပန်းပင်လေးတွေရေလောင်းနေတာပါ"

"သြော်...ထားပါတော့ အခုအ၀တ်အစားလဲပြီး လိုက်ခဲ့တော့"

"ဘယ်သွားမလို့လဲဟင်?"

"ကျောင်းသွားရမယ်လေ ကိုယ်တို့ကျောင်းပျက်တာများနေပြီ"

ပြန်ပို့ပေးဖို့တောင်းဆိုတိုင်း စိတ်မထင်ရင်ထရိုက်တက်တဲ့ yeon ကအခုတော့သူကိုယ်တိုင် ပြန်ဖို့ပြင်နေလေသည်
Soobin အံ့သြနေမိပေမယ့် Yeon ၀ယ်ပေးတဲ့ ကျောင်းဝတ်စုံအသစ်သာလဲရင်း ထွက်လာခဲ့သည်

သူသိချင်လို့မေးကြည့်တော့
Yeon ကပြောတယ် သူ့အဖေကသူ့ကို စာတော်တဲ့လူတစ်ယောက်ဖြစ်စေချင်တာတဲ့လေ
ပြောရရင် အရာအားလုံးမှာသူ့ကို ထိပ်ဆုံးသာဖြစ်စေချင်တယ်
အဲ့တာကြောင့်သာ ကျောင်းပြန်တက်ရခြင်း.....

ဟုတ်လည်းဟုတ်သည် Yeon ကအမြဲ အတန်းထဲမှာဆို roll.1 ရတယ် စာသိပ်မကျက်ပေမယ့် တစ်ခါလောက်ဖတ် လိုက်ရုံနဲ့ အလွတ်ရသလောက် ဉာဏ်ကာင်းသည် Yeon ကသူ့အဖေကိုတော့တော်တော်ချစ်ပုံရသည်

ရောက်ခါနီးတော့ Yeon သူဘက်ကိုလှည့်ကြည့်ကာ စကားဆိုသည်

"ကိုယ့်နားမှာပဲနေရမယ်
ဘယ်သူလာခေါ်ခေါ် မလိုက်ရဘူး
ကိုယ့်ခွင့်ပြုချက်မရှိပဲ ဘယ်ကိုမှမသွားရဘူး"

Regrets [Completed]Where stories live. Discover now