(Zawgyi ver)
Yeonjun Hueka ပြောတဲ့နေရာကိုရောက်လာတော့ ဖုန်အလိမ့်လိမ့်တက်နေကာ မှောင်မဲနေသော ဂိုထောင်ပျက်ကြီးတစ်ခုသာဖြစ်သည်
သူလှည့်ပတ်ကြည့်ရင် ဂိုထောင်အတွင်းထဲရောက်လာတော့ သူသိပ်ချစ်ရတဲ့ကောင်လေးက ထိုင်ခုံတစ်ပေါ်မှာ ကြိုးတုတ်ခံ ထားရကာ မှိတ်ထားသော မျက်ဝန်းအနီးတွေ မျက်ရည်များ ရွဲစိုနေသည်
ကောင်လေးငိုနေသည်တဲ့လား??
"Bin..."
ရင်းနှီးနေတဲ့ အသံတစ်ခုနှင့် ကျွန်တော့်ကိုခေါ်နေကြ နာမ်စားတစ်မျိုး...သူ...သူရောက်လာပြီလား??
မော့ကြည့်လာတဲ့ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေအပြည့် ရှိနေတာကို Yeon သဘောကျဟန်မတူ...
ပါးစပ်ကိုတိပ်နဲ့ကပ်ထားတာကြောင့် Yeon ကို ရှေ့ဆက်မတိုးဖို့ ခေါင်းတွေအတင်းခါကာ တားမိပေမယ့် Yeon နားလည်ပုံမပေါ်..
သူ့ခြေလှမ်းတွေ ရှေ့ဆက်တိုးလာတော့ ကျွန်တော့် ခြေဖျားလက်ဖျားတွေတောက် အေးစက်လာသလို...
ကျွန်တော် သူထိခိုက်မှာကြောက်တယ်~၀ုန်း
ရုတ်တရက်ဘေးကနေထွက်လာကြတဲ့ Hueka ရဲ့လူတွေ
ထို့နောက် သူတို့က Yeon ကိုတိုက်ခိုက်ကြတော့သည်Yeon ကကိုယ်ခံပညာတက်ပေမယ့် အဲ့လောက်လူအများကြီးဆိုတော့
တဖြည်းဖြည်း အရေးနိမ့်လာတယ်~Yeon ပြေးတော့ ကျွန်တော့်ကိုထားပြီး မြန်မြန်ထွက်သွားပေးပါ ကျေးဇူးပြုပြီး...
ကျွန်တော့်ရဲ့ဆုတောင်းတွေမပြည့်ခဲ့သည်လား??
Yeon လူတစ်ယောက်ရဲ့ ရိုက်ခက်မှုကြောင့် မြေကြီးပေါ်လဲကျသွားသည်...ထို့နောက် Yeon ကိုထပ် ရိုက်နေကြတဲ့သူတို့....ဟင့်အင်း မရိုက်ပါနဲ့...Yeon ကိုနာကျင်အောင်မလုပ်ကြပါနဲ့
သူ့ကိုထိရင် ကျွန်တော့် နှလုံးသားအဆတစ်ရာမက နာကျင်လာသလိုပဲ...Yeon ကိုစိတ်ပူတာကြောင့် သူ့ပါးပြင်နှစ်ဖက်စိုစွတ်လာသည်
ကျွန်တော့်ကို အမြဲနာကျင်စေတာပဲ လောကကြီးရယ်....
ဘာလို့ ကျွန်တော့်ချစ်သူကိုပါ အလွတ်မပေးနိုင်ရတာလဲ??
YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)