Part 20

1.3K 122 15
                                        

(Zawgyi ver)

Soobin အခန်းထဲမှာ စိတ်ပျက်လက်ပျက်ထိုင်ရင်း အတွေးတွေကိုလွင့်မြောနေမိတယ်

အခုဆို သူဘာဆက်လုပ်ရမလဲ တကယ်မသိတော့ဘူး အိမ်ပြန်ရင်လည်း မိဘတွေကို ဘာပြောရမှန်းမသိဘူး

Yeon ကသူ့အပေါ် ဘာလို့ချုပ်ခြယ် နေတယ်ဆိုတာလည်း နားမလည်တော့ဘူး

တကယ်ဆို Yeon ကသူ့ကို စိတ်တိုင်းကျ ဖျက်ဆီးပြီးပြီပဲ
ဒီလောက်ဆို လွှတ်ပေးသင့်ပြီ မဟုတ်လား...

ကျွန်တော်သိခဲ့တဲ့ Yeon ကျွန်တော့်ကိုအမြဲဂရုစိုက်ပေးတဲ့ Yeon ကျွန်တော်ချစ်တဲ့ Yeon ကို ပြန်လိုချင်မိတယ်...

အဲ့လိုဆိုလဲမဟုတ်ဘူး
မိဘတွေနဲ့အဆက်အသွယ်ဖြတ်ခိုင်းပြီး
သူ့ကိုဒီအိမ်ထဲက ဘယ်မှမထွက်ခိုင်းတာ
တကယ်ပဲ နားလည်ရခက်ပါသည်

~TiTiTi

ရုတ်တရက် အိမ်ထဲမှ ဖုန်းသံကြားမိသည်မို့
ဘေးဘီကို ဝေ့ဝဲကြည့်မိတော့ ခုံပေါ်တင်ထားတဲ့
ကြိုးဖုန်းမှလာနေခြင်းဖြစ်သည်...

သူမသင်္ကာလို့ တစ်ချက်ကြည့်မိတော့
လာနေတဲ့ဖုန်းနံပါတ်က......

☎*^*^*^*

ဟင်!ဒါ..ဒါ Beomgyu ဖုန်းနံပါတ်မှတ်လား?? သူအလွတ်မှတ်မိနေသည်မို့ အံ့သြသွားရလေသည်က Beomgyu သူဒီမှာရှိနေတာ သိနေတာလား???

မေးခွန်းများစွာနဲ့ရှုတ်ရှုပ်ခက်​နေပေမယ့်
လက်ကတော့ဖုန်းကို အလိုအလျောက်ကိုင်ပြီးသား...

"H..Hello"

"Hello Soo..Soobin လား?"

"Beomgyu ah"

"Yrr!Soobin...အီးဟီး မကောင်းတဲ့ကောင်ကြီး ငါဘယ်လောက်တောင်စိတ်ပူနေလဲ သိလား??ငါကတော့ မင်းသေပြီလို့ထင်တာ *Sob မင်းအသက်ရှင်သေးတယ်နော် ဟင့်"

တစ်ဖက်ကကြားနေရတဲ့ Beomgyu အသံကြောင့်အပြုံးလေး ထွက်ပေါ်လာရပြန်သည်...

တကယ်ပါ....Beomgyu က သူ့ကိုဆိုသိပ်စိတ်ပူတာ အခုလဲဘယ်လောက်တောင် ငိုထားလိုက်လဲမသိ ရှိုက်သံလေးတောင် ကြားနေရတယ်

"မင်းအဆင်ပြေရဲ့လား"

"ငါ..ငါအဆင်ပြေပါတယ် စိတ်မပူနဲ့နော်"

Regrets [Completed]Where stories live. Discover now