Part 3

1.8K 203 7
                                    

(Zawgyi ver)

"သား နာမည်က Yeonjun နော်"

"ဟုတ်ကဲ့ဗျ"

bin ရဲ့ အဖေဖြစ်ဟန်တူတဲ့ ဦးလေးကြီးက အိမ်ဧည့်ခန်းထဲဝင်ဝင်လာချင်း yeonjun ကိုနှုတ်ဆက်လိုက်ခြင်းဖြစ်သည် အိမ်ဧည့်ခန်းရဲ့ ခမ်းနားမှုကတော့ yeonjun ကိုပင် သေးငယ်သွားသလိုခံစားလိုက်သည်

ဧည့်ခန်းတစ်ခုလုံး ရွှေဆရာင်နဲ့အဖြူရောင်ခန်းဆီး လိုက်ကာကြီးများနဲ့အလှဆင်ထားသလို ကြီးမားလှတဲ့ ခရစ်စတယ် မီးဆိုင်းကြီးကလည်း yeonjun ကိုအုပ်မိုးထားလေသည် ပြောင်လက်နေတဲ့ ပါကေးအခင်းပေါ်တွင် နင်းရက်စရာပင်မရှိတဲ့ ကနုတ်ပန်းတွေနဲ့ ပုံဖော်အလှဆင်ထားပြီး ခဲရောင် အဖြူရောင်ရောစပ်ထားသည့် ကော်ဇောကြီးပေါ်ကို တက်ဖို့ပင် yeonjun တွန့်ဆုတ်နေမိသည်

"မိန်းမ... လာပါဦးဟ....ဒီမှာ bin လေး ရဲ့သူငယ်ချင်းတဲ့ အိမ်လာလည်တယ်ကွ"

bin ရဲ့ appa က သူ့ရဲ့ဇနီးကို ဝမ်းသာအားရလှမ်းခေါ်လိုက်တော့ အသက် 40 ကျော် အရွယ် အန်တီ တစ်ယောက်ဧည့်ခန်းထဲကို ဝမ်းသာအားရနှင့် ဝင်လာသည် ခန္ဓာကိုယ်အချိုး အစားပြေပြစ်လှပသလို ရုပ်ရည်ချောမောလှတဲ့ bin's omma ရယ်ပါ
သေချာကြဟ့်မိတော့မှ bin ကသူ့ pa နဲ့ မတူဘဲ ma ကဲ့သို့ မိန်းမချောချောတာကြောင့် ဒီကောင်လေး အစခံရတာလို့ ကိုယ့်ဘာသာတွေးရင်း သဘောကျနေမိသည်

"သားနာမည်ကိုတော့လွန်ခဲ့တဲ့တစ်လလောက်ထဲက ရင်းနှီးပြီသားပါ bin လေးက သူ့မှာသူငယ်ချင်းတစ်ယောက်ရှိနေပြီဆိုတဲ့အကြောင်း yeon ကသားကို အရမ်း ဂရုစိုက်တဲ့အကြောင်းတွေ ခဏခဏ ပြောလို့ အန်တီက သားကို အိမ်အလည်ခေါ်ဖို့ခဏခဏ ပြောနေတာ"

"ဟုတ်ကဲ့ဗျ hee hee"

"ဒါနဲ့သားကဘယ်မှာနေတာလည်း?"

"ကျွန်တော်က ဦးတို့ရဲ့နောက်နှစ်လမ်းကျော်မှာနေပါတယ်ဗျ"

"arr.... ဒါဆိုနီးနီးလေးဘဲ ဦးတို့နဲ့ရင်းရင်းနှီးနှီးနေလို့ရပါတယ်ကွာ ကိုယ့်အိမ်လိုဘဲဝင်ထွက်ကြားလား"

"nae"

"ဒါနဲ့မိဘတွေကရောဘာလုပ်ကြလည်း"

"ကျွန်တော့် appaကတော့ မရှိတော့ပါဘူး ကျွန်တော် 7နှစ်သားလောက်ထဲက ဆုံးသွားတာ ကျွန်တော့ omma ကတော့ coffee shop ဖွင့်ထားပါတယ်ဗျ"

Regrets [Completed]Where stories live. Discover now