(Zawgyi ver)
နေရောင်ခြည်စူးစူး Soobin မျက်နှာပေါ်ထိုးနေသည်မို့ မျက်လုံး ပွင့်လာခဲ့သည် ဘေးကိုဝေ့ဝဲကည့်မိတော့ Yeon ရင်ခွင်ထဲ သူရောက်နေသည်ပဲ...
နာကျင်မှုဆိုတာအသာထား..မျက်နှာမှာ အပြုံးလေးတစ်ပွင့် လှပစွာပေါ်လာခဲ့သည်ပေါ့ ဟင်! Yeon မျက်နှာ နေထိုးနေပါလား?
Soobin လက်တွေက အလိုအလျောက် Yeon မျက်နှာလေးကို ကာပေးမိပြီးသား...
သြော် အဲ့လိုကဗျာဆန်တက်အောင် အရိက်တကြည့်ကြည့် နေတက်လာအောင် အချစ်ဆိုတဲ့အရာကပဲ သင်ပေးခဲ့တာပါလား?"အ့"
ရုတ်တရက်လက်ကို လှမ်းဖမ်းကာ ဆွဲချခံလိုက်ရသည်မို့ နာကျင်မှုကြောင့် ညည်းသံတိုးလျလျ...
"Y..Yeon"
အပေါ်က အုပ်မိုးကာ စိုက်ကြည့်နေတဲ့ Yeon ကြောင့် ရင်တွေတဒိန်းဒိန်း ခုန်နေတာမရပ်တော့ချေ...
ရုတ်တရက် အခြေအနေမို့ Soobin မှာ ရုန်းပဲထွက်ရမလိုလို ငြိမ်ပဲနေရမလိုလို ဝေခွဲရခက်စွာဖြင့်...
"ဘာဖြစ်လို့လဲ?"
"ဗျာ?"
"ဘာဖြစ်လို့ ကာပေးထားတာလဲလို့"
ရုပ်တည်ကြီးနဲ့မေးနေတဲ့ Yeon ကြောင့် ကြောက်ကြောက် လန့်လန့်နဲ့ ဘာဖြေရမလဲ မသိတော့ပါ...
Yeon မျက်နှာကို နေထိုးလို့ကာပေးလိုက်မိရုံပါ အဲ့တာ အပြစ်များ ဖြစ်သွားသေးလားဟင်?
"ဟို..ဟို...နေ..နေပူလို့ပါ"
မျက်လွှာလေးကိုချကာ အဖြေပေးလာတဲ့ အဲ့ကောင်လေးကို အတန်ကြာသည်အထိစိုပ်ကြည့်နေမိသည်..Yeonjun လုံးဝ ကိုသတိထားမိခဲ့ပါတယ် မနေ့ကကောင်လေး လုံးဝမရုန်းသလို ရပ်တန့်ဖို့လည်းမတောင်းပန်ဘူး
အခုလည်း သူနေပူမှာစိုးလို့ ကာပေးသည်တဲ့လေ ဘာလို့လဲ?သူု့အပေါ် အမြဲအနိုင်ကျင့်တဲ့ Yeonjun ကိုမှ အမြဲနားလည်ပေးနေရတာလဲဆိုတာ တကယ်နားမလည်နိုင်တော့....
Yeonjun ကတော့ Soobin ကိုချစ်လို့ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတာမှန်ပေမယ့် ကောင်လေးဘက်က အဲ့လိုငြိမ်နေစရာအကြောင်း မရှိဘူးလေ?

YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)