Part 13

1.5K 142 0
                                        

(Zawgyi ver)

"မင်း soobin ကိုချစ်နေတာလား?"

yeonjun အတန်ငယ်မျှ
ငြိမ်သက်သွားသည်...
သို့သော် တစ်ဖက်သို့ငေးကြည့်ရင်း taehyun မေးတဲ့မေးခွန်းရဲ့ အဖြေကိုမကြားချင်ယောင်ဆောင်နေလိုက်သည်...

တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းမို့ သူတကယ်ဘဲ soobin ကိုချစ်နေသလားဆိုတာကိုတော့မတွေးချင်တော့ပါ..

သူ soobin ကိုပိုင်ဆိုင်ချင်တယ်
အဲ့တာကြောင့် ဖျက်စီးပစ်မိတာ.. အဆုံးသတ်မှာ soobin ကိုပိုင်ဆိုင်ရတဲ့လူက သူဘဲဖြစ်ချင်တာ

အတ္တကြီးတယ်ဘဲ ဆိုဆို
သူစိတ်ထင်ရာသာလုပ်ချင်၏...

"မင်းတကယ်ချစ်တယ်ဆို
အရင်ကြိုးစားသင့်တာလေ"

yeonjun
မျက်မှောင် အနည်းငယ်ကျုံးသွားသည်
taehyun စကားကို စိတ်ဝင်စားဟန်မရှိသည့်နှယ်
ပေါ့ပြက်ပြက်အမူအရာဖြင့်သာ....

****************************

Beomgyu ဆရာမတွေရုံခန်းမှစာအုပ်တွေထပ်ပြီး အခန်းထဲပြန်လာတော့
soobin ထိုင်ခုံပေါ်တွင်မှောက်အိပ်နေလေသည်
တကယ်တော့ငိုနေတာပါ..

"Soobin ya!"

ဘာမှပြန်မပြောဘဲ ငိုသာငိုနေသည့်
သူငယ်ချင်းကြောင့် beomgyu သက်ပြင်းချမိသည်

"ဘာတွေဖြစ်ခဲ့တာလည်း soobin ya? မငိုပါနဲ့တော့
ငါကူညီနိုင်တာရှိရင်ပြောလေ"

Soobin ကတော့ခေါင်းသာတွင်တွင်ခါနေသည်

"မင်းကူညီနိုင်မှာမဟုတ်ပါဘူးကွာ
ငါ့ထိုက်နဲ့ငါ့ကံပဲပေါ့"

"မင်းမပြောချင်ရင်ထားလိုက်ပါ အခု canteen သွားရအောင် ဗိုက်ဆာတယ်"

ယောကျာ်းလေးတွေသဘာဝအတိုင်း soobin ကိုပုခုံးမှဆွဲကာထူလိုက်ပေမဲ့ အထိုင်အထအဆင်မပြေတဲ့ soobin မှာတော့

"အား!"

"Wae? soobin ya ဘာဖြစ်...ဟမ်"

Beomgyu မယုံနိုင်သလိုကြည့်လိုက်တော့
Soobin ခေါင်းငုံ့သွားလေသည်
ကျောင်းအကျီ်ကိုစိကိုင်ထားကတည်းကသူသဘောပေါက်ခဲ့
သင့်တာ

"တောက်!..ဒီကောင်လွန်လွန်းတယ်ကွာ!!!!!"

"Gwinchana ငါကချစ်မိတဲ့သူဘဲလေ"

Regrets [Completed]Where stories live. Discover now