Part 24

1.1K 107 14
                                        

(Zawgyi ver)

သူကြောင်အစွာကြည့်နေမိစဉ် ခါးမှလှမ်းဖက်ကာ နှုတ်ခမ်းနှစ်ခုထပ်တူကျစေတဲ့ Yeon....
အရင်ကလို lust မပါပဲ ချိုချိုမြိန်မြိန်ကို ပေးနေတဲ့အနမ်းမျိုးလေးရယ်ပါ....

အခုသူအိမ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်??
Yeon ကသူ့ကိုချစ်တယ်လို့ပြောတယ် ပြီးတော့ နမ်းလည်းနမ်းတယ် ဒါတကယ်ပဲ အိမ်မက်ဆိုရင် မနိုးထချင်တော့ဘူး

သူ့အနမ်းတွေကိုပြန်လည် တုန့်ပြန်မိပြီး Yeon အင်္ကျီစကိုပါတင်းတင်းဆွဲထားမိတယ် သူတကယ်ရင်တွေခုန်လို့ သေတော့မယ်

စည်စချက်ညီညီလှုပ်ရှားနေတဲ့ နှုတ်ခမ်းပါးတစ်စုံ ခွာဟလိုက်ပေမယ့် နံဖူးချင်းထိကပ်ထားကာ သူ့အသက်ရှူသံပြင်းပြင်း ကျွန်တော့်ပါးပြင်ပေါ်ရိုက်ခက်နေသည်

"Y..Yeon"

"ကိုယ်မင်းကို တကယ်ချစ်တာပါ Bin"

အံ့သြ၍ဖွင့်ဟသွားသော နှုတ်ခမ်းပါးတစ်စုံ..
ဝေ့၀ဲတက်လာသော မျက်ဝန်းမှမျက်ရည်စ..
ကျွန်တော့်ကို..ကျွန်တော့်ကိုသူချစ်သည်တဲ့လား??

စိတ်ကူးထဲမှာတောင် မမျှော်လင့်ဖူးတဲ့ သူ့အချစ်ကို အခုကျွန်တော်ရပြီတဲ့လား?? သူမယုံနိုင်စွာမော့ကြည့်မိတော့ Yeon ပြုံးနေလေသည်

"ကိုယ့်ကိုချစ်တယ်မှတ်လား??"

မေးခွန်းကိုဖြေဖို့ အားအင်ပင်မရှိတော့သည်မို့
နှုတ်ခမ်းပါးကိုဖိကိုက်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြမိသည်

သူ့အကြည့်တွေကိုတောင် ရင်မဆိုင်ရဲလောက်အောင် နှလုံးသားကအချက်ပြနေသည်မို့ ကျွန်တော်အရှက်သည်းစွာခေါင်းငုံ့ထားမိသည်

ခေါင်းအတင်းငုံ့ထားတဲ့ ကျွန်တော့်ကိုသူဆွဲဖက်လိုက်တော့
ရင်ခွင်ငွေ့နွေးနွေးက ကျီစယ်လာကြတယ် ကျွန်တော့်ပါးပြင်ကမျက်ရည်စကို သူ့လက်နဲ့ဖိကပ်ကာသုတ်ပေးပြီး အတန်ငယ်ပြုံးကာ

"မငိုနဲ့တော့"

ကျွန်တော်ခေါင်းငြိမ့်ပြမိသည်လား တော့မသိ...
စကားနားထောင်တက်သည့် အကျင့်အလျောက် မျက်ရည်တွေခမ်းခြောက်သွားဟန်...
သူကျွန်တော့်ကို စိုးမိုးနိုင်လွန်းတာသိရဲ့လား??

Regrets [Completed]Where stories live. Discover now