(Zawgyi ver)
"ကျွန်တော်အဖမ်းခံမယ် Yeon"
"ဘာ!"
"ကျွန်တော်အဖမ်းခံလိုက်မယ်...Yeon သွားတော့"
ကျွန်တော့ပုခုံးက ဒဏ်ရာကြောင့် တစ်ကိုယ်လုံးအရမ်းနာနေပြီး ကျွန်တော်ထင်သလောက်လည်း ပြေးနိုင်မှာမဟုတ်ဘူး အဲ့အခုက Yeon ကိုပါထိခိုက်လာလိမ့်မယ်
ပြီးတော့ လူသတ်မှုဆိုတာ ဒီတိုင်းထားလိုက်လို့ ပြီးသွားမှာမှမဟုတ်ဘူးဘဲ ကျွန်တော်လွတ်သွားရင် သူတို့ပိုစုံစမ်းလို့ Yeon သတ်တယ်ဆိုတာ သိသွားကြလိမ့်မယ်
ဟင့်အင်း ကျွန်တော် Yeon ကိုအဖမ်းမခံစေချင်ဘူး
ကျွန်တော့ကြောင့်နဲ့ Yeon လူသတ်တာ..
အာလုံးကျွန်တော့ အပြစ်တွေအဲ့တာကြောင့် အပြစ်ခံယူစရာရှိရင် ကျွန်တော်ပဲ ခံယူမယ်
Yeon ကိုအထိခိုက်မခံနိုင်ဘူး..."မင်းဘာတွေပြောနေတာလဲ Bin!"
ဒေါသထွက်သွားဟန်တူတဲ့ Yeon က ကျွန်တော့်ပုခုံးနှစ်ဖက်ကို အကြမ်းပတမ်းကိုင်ကာ အော်လိုက်သည်..ပုခုံးသားကနာကျင်နေသော်လည်း အံတင်းတင်းကြိတ်ကာ အဖြေပေးမိတယ်
"နောက်ထပ်...ကျွန်တော့်အတွက်နဲ့ Yeon ကိုလူမသတ် စေချင်တော့ဘူး"
မျကိရည်တွေဝဲကာ ပြောလာတဲ့သူ့စကားကြောင့် Yeon ခေါင်းခါသည်...
"မင်းရူးနေတာလား Bin...ဟုတ်တယ် ငါလူသတ်တာ မင်းကြောင့် ဒါပေမယ့် အဲ့လိုသတ်ဆိုတာ မင်းနဲ့အတူ နေချင်လို့လေ မင်းအခုလိုအဖမ်းခံလိုက်တော့ရော ငါ့အတွက်ဘာထူးမှာလဲ!? ငါလူသတ်လိုက်တာပဲ အဖတ်တင်မှာမဟုတ်ဘူးလား!"
"ဒါပေမယ့်..."
"တော်တော့ Bin! မင်းဘာပြောပြောငါခွင့်ပြုမှာမဟုတ်ဘူး"
သူ Bin ကိုချစ်လွန်းလို့ Bin ကိုငယ်ငယ်က အနိုင်ကျင့်ခဲ့တဲ့ကောင်လေးတစ်ယောက်ကို သတ်ဖူးသည်
သူ့အတွက် ပထမဆုံးဆိုပေမယ့် မတုန်လှုပ်ခဲ့ဘူးအဲ့တာ Bin အတွက်သူလုက်တာလေ
အဲ့ဒါကြောင့် သူနောင်တလည်းမရခဲ့ဘူး...Bin ကို ဒူးထောက်ခိုင်းတဲ့ကောင်လေးကို Bin ရှေ့မှာတင်သူသတ်ပြဖူးတယ် အဲ့တာဘာကြောင့်လဲ
ဆိုတော့ Bin ကိုသိစေချင်ခဲ့လို့ ကောင်လေးကိုထိရင်
ဘယ်သူဖြစ်ဖြစ် သူသတ်နိုင်တယ် ဆိုတာနားလည်စေချင်လို့
YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)