(Zawgyi ver)
bin ဘဝမှာ ပထမဆုံးအကြိမ် အဖြစ်မဟုတ်တာ လုပ်ဖူးခြင်းဖြစ်သည် ပျော်လည်းပျော်သလို အဆူခံအရိုက်ခံရမှာလည်း ကြောက်သည်
yeon ကတော့တစ်လမ်းလုံး ခုန်ပေါက်လိုက် bin ကိုစလိုက်နဲ့ တော်တော်ပျော်နေပုံရသည် ကျွန်တော်တို့ ကစားကွင်းထဲ စိတ်ကြိုက်ကစားကြ မုန့်တွေစားကြနဲ့အချိန်ကကုန်မှန်းမသိ ကုန်လာတော့သည်"bin ya... ငါဒီနေ့ဘာလို့ကျောင်းပြေးလည်းမင်းသိလား"
"မသိဘူးလေ"
"ငါမင်းနဲ့ တူတူ လျှောက်လည်ချင်လို့"
ကျွန်တော့စကားကြောင့် Bin ရှက်သွားသည်ထင်တယ် မျက်နှာလေးပင် ရဲတက်သွားသည် ကျွန်တော့အခုရင်ခုန်နေတာလား မဖြစ်နိုင်တာ bin ကယောကျာ်းလေး ကျွန်တော်ကလည်းယောကျာ်းလေး ယောကျာ်းလေးချင်းရင်ခုန်စရာမှမလိုတာ ယောကျာ်းလေးကို ကြိုက်တဲ့ပုံစံကကျွန်တော်ပုံစံမှမဟုတ်တာ arrr မသိတော့ဘူးကွာ
ဒီနေ့ ကျွန်တော်တို့ နှစ်ယောက် အခန်းထဲရောက်ရောက်ချင်း beomgyu ကကျွန်တော်တို့ခုံကိုရောက်လာတယ်"
"မင်းတို့မနေ့ကဘယ်သွားကြတယ်ဆိုတာ သိတယ်နော် ဟင်းဟင်း"
gyu စကားကြောင့်ကျွန်တော်ရော bin ပါအဲ့သြသွားရသည်
"မင်း...မင်းကဘယ်လိုသိတာလည်း"
gyu...yeon အမေးကို ဖြေဖို့လုပ်ချင်မှာဘဲ အနောက်ကနေ hueka ရဲ့ အသံကဟိန်းထွက်လာသည်
"ဘာလို့သိလည်းဆို ငါတို့သုံးယောက်လည်း မနေ့ကကျောင်းပြေးခဲ့ကြလို့ပေါ့ "
ပြောလည်းပြော taehyun နဲ့လည်းတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးရီနေကြသေးသည်
"ဟေ့ကောင်တွေ မင်းတို့တိုးတိုးပြောလို့မရဘူးလား ငါကအတန်းခေါင်းဆောင်ဆိုတာလည်းသတိရအုန်း"
"ဟုတ်ကဲ့ပါ အတန်းခေါင်းဆောင်ကြီးရယ် ကျွန်တော်မျိုးမှားသွားပါတယ် Hahahahaha"
hueka နဲ့ taehyun နဲ့ကတော့အရီမပျက်ကြ
gyu ကတော့သူတို့နှစ်ယောက်ကို မနိုင်ဘူးဆိုသည့် မျက်နှာပေးနဲ့ကြည့်ကာ ခေါင်းသာခါနေတော့သည် ကျွန်တော်နဲ့ bin က ကြောင်အအလေးသာဖြစ်နေရသည်

YOU ARE READING
Regrets [Completed]
RomanceChoi Soobin X Choi Yeonjun ❤️ Warning 🚨🚨🚨 (Zawgyi + Uni)