Part 17

1.3K 121 13
                                    

(Zawgyi ver)

Soobin ကုတင်ပေါ် ဒူးလေးပိုက်ထိုင်ကာ
Yeon ကိုစောင့်နေမိတယ်
သူဆွဲဖဲလိုက်တဲ့ အင်္ကျီကသုံးမရအောင်ပြဲသွားသည်မို့
အပေါ်ပိုင်းဗလာကျင်းနဲ့သာ ထိုင်စောင့်နေရတဲ့
ကျွန်တော်ရယ်ပါ......

Yeon ဘယ်သွားတာလည်းတော့မသိပေမယ့်
မြန်မြန်ပြန်လာဖို့မျှော်လင့်နေမိတယ်
ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးပဲ
တစ်ခုခုကို စိုးရိမ်နေသလို ခံစားရတာကြောင့်ပါ

စိတ်ထင်တော့ မင်္ဂလာဆောင်ကိစ္စကြောင့်ဖြစ်နိုင်သည်
Hueka သည်လည်း ဘယ်လောက်ပဲ သူ့အပေါ်ကောင်းသည်ဆိုအုန်းတော့
သူလိုချင်တာကိုရအောင်ယူတက်သည့် လူမျိုးပင်ဖြစ်သည်

မနေ့ကလဲ Soobin ကိုအိမ်ပြန်လိုက်ပို့ပြီးတော့
မိဘတွေနဲ့ တစ်ခါတည်းတွေ့ကာ မင်္ဂလာကိစ္စစီစဉ်ပေးဖို့ပြောတာ သူလက်မခံနိုင်မှန်းသိတဲ့ Appa နဲ့ Omma ကရက်ရွှေ့ပေးဖို့ကြိုးစားပေမယ့်
မရရတဲ့နည်းတွေနဲ့ အစုံအကြပ်ကိုင်ကာ မင်္ဂလာဆောင်ကိစ္စကိုသူဘက်က မဖြစ်ဖြစ်အောင် လုပ်မည်ဖြစ်ကြောင်းနှင့် media ကိုလဲအသိပေးပြီးပြီဖြစ်ကြောင်း သူ့မိဘတွေမှတစ်ဆင့်အကြပ်ကိုင်ခိုင်းလေသည်

နောက်ဆုံးတော့လည်း မတက်နိုင်စွာ လက်ခံလိုက်ရသော Soobin ရယ်ပါ....

ညနေပိုင်းလောက် မင်္ဂလာပွဲစီစဉ်ထားပြီးညကျရင် dinner ကျွေးကာကျွန်တော့်ကိုသူ့အပိုင်အဖြစ် ကြေငြာမည်တဲ့လေ

အခုတော့သူ စီစဉ်ထားတာတွေလွဲကုန်လို့အလုပ်ရှုပ်နေ ကောင်းပါရဲ့...အမှန်တိုင်းပြောရရင် yeon ကျွန်တော့်ကိုခေါ်လာတာသိပ်ပျော်မိတယ်

ကျွန်တော်လေ....
ဖြစ်နိုင်ရင် hueka ကိုတကယ်လက်မထပ်ချင်ပါ

ကျွန်တော်လည်း သာမာန်လူတစ်ယောက်ပဲလေ
ကျွန်တော်သိပ်ချစ်တဲ့ yeon ကိုမပိုင်ဆိုင်ရရင်တောင်မှ သူ့ဘေးမှာအရင်လို သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ရှိနေချင်တာပေါ့

ကျေးဇူးပြုပြီး yeon ပြောသလို
ဒီနေ့လေးပြီးသွားရင် အားလုံးအဆင်ပြေသွားပါစေလို့ပဲ စုတောင်းနေမိတယ်

Soobin စုတောင်းလေးမပြည့်ခဲ့သည်လား? ရုတ်တရက်တံခါးကိုဆွဲဖွင့်ကာ ဝင်လာသောလူတစ်ယောက်ကြောင့် အံသြမှုနဲ့ဝိုင်းစက်သွားတဲ့ မျက်ဝန်းလေးတစ်စုံ....

Regrets [Completed]Where stories live. Discover now