အပိုင်း ၁

5K 164 7
                                    

အချိန်တွေကြာလာတာနဲ့အမျှ လူတစ်ယောက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်ချင်လာခဲ့ပါပြီ။
သို့သော်....
"အချစ်ဦး"ဆိုတဲ့အရာကို လူတိုင်းမေ့ဖို့ခဲ့ရင်းကြပါတယ် အထူးသဖြင့် အချစ်ကြီးတဲ့သူတွေပေါ့ ကျွန်တော်လဲအချစ်ကြီးတဲ့ သူတစ်ယောက်မို့ အချစ်ဦးကို သတိရရဖြစ်နေတာ ၆နှစ် နီးပါးကြားခဲ့ပါပြီ။ လွမ်းလဲတွေ့လို့မရသလို သတိရနေလဲ အပိုဖြစ်နေလို့ ကိုယ်တိုင်လဲဘာမှမတက်နိုင်ပါ သို့သော် မေ့လို့လဲမရသေးပါ။

၂၀၂၀ ခုနှစ် မတ် လ ၂၀ ရက်နေ့

"Bright မင်းတိုက်ခန်း၀ယ်လိုက်တာ အိမ်တက်လေးဘာလေးမလုပ်ဘူးလား ကွ"

"ပိတ်ရက်မှပဲ ငါအခုလောလောဆယ်က အဲ့အိမ်အတွက်လိုအပ်တာတွေ ပြင်ဆင်နေသေးလို့"

"မင်း အဲ့အိမ်၀ယ်တာ အကြွေး​ကျေပြီလား ဘယ်နှစ်နှစ်စာချုပ်နဲ့လဲ အရင်ကငှါးနေတဲ့ အိမ်ပဲမဟုတ်လား "

"အခုခေတ် အိမ်၀ယ်တာ အကြွေးမတင်တဲ့သူရှိလို့လား စိတ်မပူနဲ့ ၂၀၄၈ ကြရင် အကြွေး​ကျေပြီ"

"မင်းတစ်သက်လုံး အကြွေးဆပ်ရင်း အရိုးကျေကျေအရေခပ်ခပ်နေတော့မလို့ Bright ?"

Oew ပြောတဲ့စကားကြောင့် ကျွန်တော်ပြုံးမိသွားသည်။ ကျွန်တော့်အတွက် အိမ်ရှိပြီး အဲ့အိမ်မှာ အေးအေးဆေးဆေးခေါင်းချဖို့က ကျွန်တော့်ရည်ရွယ်ချက်ပင်ဖြစ်သည်။

"ပြန်တော့မယ် ငါလုပ်စရာလေးရှိသေးလို့"
ကျွန်တော် Oew ကိုနှုတ်ဆက်ရင်း အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းက ပုံမှန်အတိုင်း အထီးကျန်ဆန်စွာပဲ လျောက်လာတယ် အရင်အချိန်လေးတွေပြန်တွေးရင်း သီချင်းလေးနားထောင်ရင်းပေါ့ အိမ်ရောက်တော့ ဓာတ်ပြားလေးကို စက်ပေါ်အသာတင်ပြီး သီချင်းဖွင့်လိုက်ပြီး လုပ်စရာရှိတာလုပ်ပြီး အိပ်ယာ၀င်လိုက်တယ်။သီချင်းသံငြိမ့်ငြိမ့်လေးကြောင့် ခဏလေးနဲ့ အိပ်ပျော်သွားသည်။

မနက်မိုးလင်းတော့ အနံတထောင်းထောင်းနဲ့ တကွမ်တကွမ်နဲ့ မီးဖိုချောင်ထဲက အသံကြောင့် Bright နိုးလာခဲ့တယ်။ အိပ်ယာပေါ်က တဖြည်းဖြည်းထလာပြီး မီးဖိုချောင်ထဲက ကောင်လေးကို ငေးကြည့်ပြီးပြုံးနေတဲ့ Bright က မနေ့က အိမ်ပြန်လမ်းမှာငေးနေတဲ့ကောင်လေး မဟုတ်သလိုပဲ။ ခတ္တမျှငေးနေတုန်း...

That Person Must Be YouWhere stories live. Discover now