ကျန်ခဲ့တဲ့လူကလည်း ကောင်းကောင်း ရှင်သန်နေထိုင်ရမှာပေါ့။
အမှတ်တရတွေကို တစ်ယောက်တည်း
ပိုက်ထားတာမျိုးမလုပ်ဘဲ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့တာမျိုး မဟုတ်ဘဲ။
ဆုံးရှုံးခြင်းရဲ့အကြောင်းကို နေ့တိုင်း ထပ်ခါတလဲလဲ ခံစားနေရတာမျိုးမလုပ်ဘဲ
ငါသာနည်းနည်းပိုပြီးအလျော့ပေးခဲ့ရင်၊
ငါသာ သည်းခံခဲ့ရင်၊ငါသာခွင့်လွှတ်ခဲ့ရင်
အဆုံး ငါသာ သူ့အပြစ်တွေကိုမသိချင်ယောင် ဆောင်ပေးခဲ့ရင် တစ်ရက်လောက်ဖြစ်ဖြစ် အနားမှာ ပိုပြီး နေရမှာပဲဆိုတဲ့ အတွေးမျိုးလည်း
ထပ်မတွေးမိအောင် နေရဦးမှာပေါ့။အမှတ်တရတွေကို တစ်ယောက်တည်းပိုက်ထားရတာ ဝမ်းနည်းဖို့ကောင်းတယ်မဟုတ်လား..
တိုက်ဆိုင်တဲ့သီချင်းတွေကြားရင် သတိရပြီး
လမ်းကူးတဲ့အခါ ဆွဲထားတတ်တဲ့လက်တစ်စုံကို
အမြဲလွမ်းနေရပြီး...ကော်ဖီတွေသောက်ရင် သတိရပြီး အလွမ်းသီချင်းတွေကြားရင် ရူးလောက်အောင် သတိရပြီး..
ခွင့်မလွှတ်နိုင်လိုက်၊ စွန့်မလွှတ်နိုင်လိုက်နဲ့
တစ်ခါတလေ နာကျည်းလိုက်၊တစ်ခါတလေ မုန်းတီးလိုက်၊တစ်ခါတလေ မရှိရှိခဲ့တဲ့အပြစ်တွေကို တောင်းပန်ချင်လိုက်..
လဲကျတဲအချိန်မှာ အဲ့ရင်ငွေ့လေးမျှော်လင့်လိုက်
အောင်မြင်တဲ့အချိန် သူသာရှိရင်ကောင်းမယ်လို့
တွေးမိလိုက်...။ပင်ပန်းတဲ့အချိန်တောင်းတလိုက်..လမ်းမှာ အမှတ်တမဲ့ပြန်ဆုံခဲ့ရရင်
မသိချင်ယောင်ဆောင်နေရတာမျိုး..
တစ်ခြားတစ်ယောက်ရဲ့လက်ကိုကိုင်ပြီး
ရယ်ရယ်မောမောစကားပြောနေတာကို
အဝေးကနေ ရပ်ကြည့်နေခဲ့ရတာမျိုး။
ကဗျာ အဆုံးမှာ ရစ်၀ဲနေတဲ့မျက်ရည်ကျစီးကျလာပါပြီ။
တစ်ယောက်ထဲအကြာကြီးနေခဲ့ပေမဲ့ တစ်ယောက်ထဲကိုပဲ သတိရတစ်ယောက်ထဲကိုပဲ ချစ်နေသေးတဲ့ ကျွန်တော်ကပဲ ၀ဍ်ကြွေးခံစားနေရတာလား?မသွားပါနဲ့အုံးလို့ တားဖို့တောင်အချိန်မရဘူး ထထွက်သွားတဲ့ Win နောက်ကိုပြေးလိုက်ရင်း..သူနေတဲ့နေရာကိုသိလိုက်ရတယ်..ပြီးတော့ငါမဟုတ်တဲ့ တခြားတစ်ယောက်က သူ့ဘ၀ထဲမှာရှိနေခဲ့ပြီဆိုတာလည်း ငါသိလိုက်ရပါပြီ။
အိပ်ယာပေါ်မှာလဲနေရင်း အတွေးတွေများနေတာ အချိန်ကုန်မှန်းမသိ မနက်၄နာရီတောင်ထိူးသွားပြီ ဒါမဲ့အခုချိန်ထိ အတွေးထဲဘာမှမပေါ်လာပါ ဘာဆက်လုပ်သင့်လဲမသိတော့ဘူး! နောက်ဆုံးနော် ငါမှာရွေးချယ်စရာနှစ်ခုပဲရှိတယ်..တစ်ခုက အတိတ်တွေမေ့လိုက်ပြီးဘ၀သစ်မှာရှင်သန်ဖို့ရယ် နောက်တစ်ခု ကအတိတ်ကလူကိုပဲ ဘ၀သစ်ထဲကို ဆွဲသွင်းဖို့ပဲ! ငါက ငါပဲမို့ အတိတ်တွေထဲကကောင်လေးကို မေ့ပြစ်မှာမဟုတ်သလို သူမပါတဲ့ဘ၀သစ်လဲထူထောင်မှာမဟုတ်ဘူး!

YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ