Pong ::::တစ်စုံတစ်ယောက်လောက် ကျွန်တော့်ကိုကူညီပေးကြပါ!!အရမ်းလွမ်းတယ် Win ကို...
တစ်ညလုံး ငိုနေပေမဲ့ Win ကပြန်မလာပါ ကျွန်တော်ပို့ထားတဲ့စာကို ဖတ်ပေမဲ့ ပြန်စာမပို့ပါ။ သူတကယ်ပဲ ကျွန်တော့်ကိုမုန်းသွားတာလား? သူ့ကိုတန်ဖိုးထားခဲ့တာက သူ့ကိုရော ကျွန်တော့်ကိုပါ နာကျင်စေချင်တာလား??
တကယ်ဆို....
--------
မျက်လုံးတွေ ဖွင့်လိုက်တော့ ဘေးနားမှာ လက်ကိုကိုင်ပြီး အိပ်ပျော်နေတဲ့ P'Bright!သေချာစိုက်ကြည့်လိုက်တိုင်း နာကျင်ရတယ် အရမ်းနာကျင်တယ်! လက်မခံနိုင်တဲ့ အမှန်တရားတစ်ခုလိုပဲ!
"Win နိုးပြီလား ကို ဆန်ပြုတ်သွားနွေးပေးမယ်နော် ပြီးရင်ဆေးသောက်လိုက်နော်"
ဆရာ၀န်တစ်ယောက်ဖြစ်ပြီး ကိုယ်ဖြစ်နေတဲ့ ရောဂါကိုမသိဘူး..ခံစားရခက်လိုက်တာ..
ဖုန်းကိုကြည့်လိုက်တော့ အချိန်က နေ့လည်တောင်ရောက်သွားပြီ အိပ်ရေးပျက်တာ တကယ်ငါ့ကိုအားနည်းစေတာပဲ!!!!
"Win ပူပူနွေးနွေးလေးသောက်ပါလား ကိုခွံ့ ပေးရမလား?"
"ရပါတယ် ကျွန်တော့်ဘာသာသောက်လိုက်ပါနဲ့ ဒါနဲ့ ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"
"အင်း မေးလေ"
"ဟို ကျွန်တော်တို့ ဘာလို့ကွဲခဲ့ကြတာလဲ"
"ဘာလို့..လဲဆိုတော့..အမှန်တော့ ကိုလဲမသိဘူး မင်းဘာလို့ ကို့ဆီက ထွက်သွားလဲဆိုတာ"
သူလိမ်နေတာလား ဘာလို့မသိတာလဲ ငါကရော ဘာအကြောင့်ပြချက်နဲ့ သူ့ဆီကထွက်သွားတာလဲ!မေးခွန်းတွေက ကိုယ့်ကိုကိုယ်ပဲပြန်မေးမိနေတယ်!
"ဒါမဲ့ ကိုတို့အရမ်းချစ်ခဲ့ကြတာ မင်းခံစားရတယ်မဟုတ်လား ဒီအခန်းလေးကို မင်းအတွက်ကြောင့် ကို၀ယ်ထားတာလေ မင်းနဲ့အတူနေဖို့"
"အင်း"
ဘာပြောရမှန်းမသိတော့ဘူး..သက်ပြင်းချရင်း.."ခဏလောက်ဖက်ထားလို့ရလား"
"ဟမ်!"
အံ့သြသွားတဲ့ P'Bright ကိုဖက်ရင်း ကျောကိုပုတ်ပေးလိုက်တယ်။
ပင်ပန်းသွားပြီအစ်ကို ကျွန်တော်အနားမှာရှိပေးပါမယ်...

YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ