အပိုင်း ၇

1.1K 95 3
                                    

"အင်း ကိုယ်နဲ့မင်းက ချစ်ခဲ့ကြတာ"

"....." သူဘာကိုဆိုလိုနေတာလဲ? ငါနဲ့သူကဘာလို့ချစ်ဘူးတာလဲ ငါကရောဘာလို့ အရမ်းနာကျင်နေတာလဲ? ရူးမတက်ပဲ ရင်ထဲမှာအရမ်းနာကျင်နေတယ်။
ကျဆင်းလာတဲ့ မျက်ရည်တွေကို ကျွန်တော်မထိန်းချုပ်နိူင်တော့ပါ ဒါပေမဲ့ ကျွန်တော်သူ့ကိုမမှတ်မိပါဘူး။သူဘယ်သူလဲမသိပေမဲ့ သူ့ကြောင့်နာကျင်နေတဲ့ ကျွန်တော်နှလုံးသားကတော့ သူဘယ်သူလဲဆိုတာ ကောင်းကောင်းသိမယ်ထင်ပါတယ်။

"မင်း ကိုယ်နဲ့ခဏလောက်လိုက်ခဲ့လို့ရလား"
လှမ်းလာတဲ့ လက်ကိုမတွဲချင်ပေမဲ့ သူဆွဲရာကို ပါသွားတယ်။

"ကျွန်တော် ခဗျားကိုမသိဘူး ဒါမဲ့ ကျွန်တော်ရင်တွေအရမ်းနာနေတယ် ခဗျားနဲ့ပတ်သက်ပြီးတော့ ခဗျားဘယ်သူလဲ ဘယ်ကလဲ ကျွန်တော်နဲ့ ဘယ်လိုမျိုးတွေ ပတ်သက်ခဲ့လဲကျွန်တော်တစ်ခုမှ မသိဘူး "

"မင်းသိဖို့လိုအပ်တယ် ဒါကြောင့်ခဏလေး လိုက်ခဲ့ပေးပါ"

ဘယ်လောက်ပဲငြင်းငြင်းအတင်းခေါ်မှာ သိသော်ကြောင့် ဆက်ပြောမနေပဲလိုက်သွားလိုက်တယ်။

"မှတ်မိလား ဒီတိုက်ခန်းကို ကိုယ်နဲ့မင်း ဒီတိုက်ခန်းလေးကိုငှါးပြီး အတူနေခဲ့တာလေ အဲ့ချိန်တုန်းက မင်းကိုဆေး​ကျောင်းထားဖို့ ကိုယ်ဘယ်လောက်တောင် အချိန်ပိုင်းလုပ်တွေ လုပ်ခဲ့ရလားဆိုတာမင်းမှတ်မိလား"

ဟင်းအင်းသူပြောနေတာတွေ ငါတစ်ခုမှမသိဘူး အခုရောက်နေတဲ့နေရာကိုလည်းငါမသိဘူး

"ဒီပန်းချီကားကိုရော မှတ်မိလား ကိုယ်တို့အတူ ဆွဲထားတာလေ ဒီဟာကိုရော မင်းအရမ်းကြိုက်တဲ့ အရုပ်လေ ဒါလေးထွက်တုန်းက မတ်တပ်ရပ်ပြီး တူတူသွား၀ယ်ခဲ့တာလေ ပြီးတော့ ဒီဟာ.."

ကျွန်တော်ရှေ့မှာ မျက်ရည်ကိုသုတ်လိုက် ပစ္စည်းတစ်ခုခုပြီးတစ်ခုယူပြနေလိုက်လုပ်နေတဲ့ ထိုလူကိုမမှတ်တာကို ကျွန်တော်စိတ်မကောင်းဘူး။

"တောင်းပန်ပါတယ် ခဗျားနဲ့သိခဲ့သူက ကျွန်တော်ဟုတ်ခဲ့ရင်တောင် အခုတော့မဟုတ်တော့ဘူးထင်တယ် ဘာလို့လဲဆိုတော့ ဒါတွေကျွန်တော်မသိဘူး"

That Person Must Be YouWhere stories live. Discover now