အပိုင်း ၅

1.2K 95 2
                                    

ဆေးရုံက အရမ်းပင်ပန်းသလို အိပ်ရေးပျက်တာတွေလည်း များနေပြီ ၄ရက်တောင်ရှိပြီ အိမ်မပြန်ဖြစ်တာ Win ကလည်း စာပဲပို့သလို ကိုယ်တိုင်ကလည်း သူ့ကိုစာပြန်ဖို့တောင်မအားဘူး! ဆောက်လုပ်ရေးတစ်ခုက ပြိုကျလို့ လူနာတွေ တော်တော်ကျနေတာကို!
"P'wine ဒီနေ့တော့ ကျွန်တော်အိမ်ပြန်နားတော့မယ်နော်"

"အေးပါ ဒီနေ့တော့ အိမ်ပြန်နားလိုက်တော့ မင်းမအိပ်တာ ၄ရက်တောင်ရှိပြီမဟုတ်လား"

" ကျေးဇူး P'wine ဂျူတီချိန်းခဲ့မယ်နော် အခန်း ၂၀၇ ကလူနာကိုလည်း ဆေးထိုးပေးဖို့ မမေ့နဲ့အုံး"

"အမလေး ဖြေးဖြေး ချက်ချင်းနော် အေးလေ အိမ်က မိန်းမကို အဲ့လောက်သတိရနေရင်လည်း အစထဲကပြန်ပေါ့ အခုမှ အကဲကိုပိုလွန်းတယ်"

"ဟားဟား မနောက်ပါနဲ့ဗျာ သူကြားရင် စိတ်ဆိုးနေမှာ ပြန်ပြီ Pရေ"
အလုပ်ကစောစောပြန်ရောက်တုန်း ၀ယ်စရာရှိတာ ၀င်၀ယ်ပြီး ညစာအဆင်သင့်ချက်ရင်း..

ပြန်လာ​ပါပြီ မျှော်နေလိုက်ရတာ ဟွင့် အခုမှလာပြီး ဖက်နေတယ်လူကို! ဖုန်းတောင်တစ်ချက်မဆက်ပဲနဲ့!

"သွား ငချွဲကောင်" နှင်လွှတ်ပြီး ညစာပြန်ပြင်နေလိုက်တယ်။ ကျွန်တော်အတွက် win က ဘာနဲ့မှ နှိုင်းလို့မရဘူး သူနဲ့အတူရှိရုံနဲ့တင် ကျွန်တော့်ဘ၀ကပြည့်စုံနေတာမျိုး။ ကျွန်တော့်အတွက် သူကဗီတာမင်လိုပဲ နေ့တိုင်းလိုအပ်တယ် ဒါကြောင့်ပဲသူနဲ့အတူရှိနေတာ ၅နှစ်ကျော် ၆နှစ်နီးပါးပဲ! ဒါမဲ့ ကျွန်တော်သူ့ဆီကအခြားဘာမှမလိုချင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကိုထိဖို့တောင် မထိရက်ဘူး အရမ်းတန်ဖိုးထားလွန်းလို့! ကျွန်တော့်အတွက်သူက ဘာနဲ့မှတန်ဖိုးဖြတ်မရဘူး!

ခေါင်းရေပြောင်အောင်မသုတ်တက်တဲ့ ကောင်လေး အရမ်းဂျီကျတက်တဲ့ကောင်လေးကို ကျွန်တော်စောင့်ရှောက်လာတာ ကြာခဲ့ပါပြီ။

ဒီနေ့လည်း ဘောပွဲကြည့်ဖို့ဆိုပြီး ဆေးရုံကနေ စောစောလစ်ထွက်လာတယ်။ ခွဲစိတ်ခန်း၀င်ရမယ်ဆိုတာလည်း သိပေမဲ့ ၆နာရီလောက်ကြာမဲ့ ခွဲစိတ်မဲ့ဟာမလုပ်ချင်ဘူး တစ်ခါတစ်လေ ဆေးရုံကနေထွက်လိုက်ချင်ပေမဲ့ မဖြစ်သေးပါဘူး!

That Person Must Be YouWhere stories live. Discover now