တဖြည်းဖြည်း အချိန်တွေ ကုန်လာတာ ၂နှစ်ကျော်နေပြီ။ Win သူငယ်ချင်းကလည်း နေ့တိုင်းအခြေအနေလာလာကြည့်ပြီး ငိုတယ်။ အမှန်တိုင်းပြောရင်း ကျွန်တော်သာ Win နဲ့ ပေါင်းဖတ်ဖို့ မဖြစ်လာခဲ့ရင်း သူနဲ့ဆိုလည်း စိတ်ချ ပါတယ်။
"Nong Pong မင်း၆နှစ်လုံးလုံး Win ကိုစောင့်ရှောက်ပေးတာ ကျေးဇူးတင်ပါတယ်"
"ရပါတယ်ကျေးဇူးတင်စရာမလိုပါဘူး ကျေးဇူးတင်ခံချင်လို့ စောင့်ရှောက်ခဲ့တာမဟုတ်ဘူး ကျွန်တော်က သူ့ကိုချစ်လို့ပါ သူ့ဘေးမှာ နေပေးခဲ့တာ"
"အင်းပါ"
*တီတီတီ.... Win ရဲ့နှလုံးခုန်နှူန်း ရုတ်တရက် ရပ်သွားခဲ့တယ်...
"လာကြပါအုံး!"
ကျွန်တော်ခေါ်တာတောင် မဆုံးသေးဘူး Pong က Win ကို နှလုံးခုန်အောင် စက်ကိရိယာ တစ်ချို့နဲ့ ပြန်လုပ်နေတယ် သူအရမ်းစိတ်လှူပ်ရှားပြီး တောင်းပန်နေခဲ့တယ်..ကျွန်တော်လဲ မျက်ရည်တွေ ၀ဲလျက်ပေါ့..
"ငြိမ်သွားပြီ ၂နှစ်အတွင်း ဒီလိုဖြစ်တာ ဒါပထမဆုံးအကြိမ်မဟုတ်လားP'bright"
"အင်းဟုတ်တယ်"
"သူနိုးလာဖို့ အခြေအနေရှိတယ်ထင်တယ် ဒါမှမဟုတ် တစ်သက်လုံး မနှိုးလာဖို့လည်း ဖြစ်သွားနိုင်တယ် ကျွန်တော်ဆို့ ဆုတောင်းယုံကလွဲရင် ဘာမှမတက်နိုင်တော့ဘူး"
"အင်းပါ"
ခဏနေတော့ Pong ထွက်သွားပြီး Win ဘေးနားမှာ ၀င်ထိုင်လိုက်တယ်။"မင်းနောက်ပဲလိုက်ခဲ့ရင်ကောင်းမလား Win ငါအထီးကျန်လှပြီ"
မျက်ရည်ပေါက်လေးက Win လက်ပေါ်ကျသွားတယ်..ချက်ချင်းပြန်သုတ်ပေးလိုက်ပြီး နမ်းလိုက်တယ်။"တကယ်လို့မင်းထွက်ရင် တစ်ယောက်ထဲမသွားပါနဲ့ ငါပါမင်းနောက်လိုက်ခဲ့ပေးပါမယ်"
ဒီလိုနဲ့ ညလေးက တစ်ယောက်ထဲစကားပြောရင်း အချိန်ကုန်သွားတယ် အလုပ်ထွက်လိုက်တာလည်း ကြာပြီဆိုတော့ Win ဆေးရုံ စရိတ်ကို အိမ်စရိတ်တွေနဲ့ပေးလိုက်တယ် အဲ့တော့ Winနဲ့ ကျွန်တော့်အိမ်လေး ဆုံးရှုံးလိုက်ရတယ်ပေါ့ ညဘက်တော့ အချိန်ပိုင်းအလုပ်လုပ်ပေမဲ့ ရတဲ့လစာက Win အတွက် ဆေးဖိုးသွင်းရတာနဲ့ တင်မလောက်ဘူး..
မြန်မြန်သတိရလာပါစေလို့ ဆုတောင်းတာ အလုပ်တွေ ပင်ပန်းလို့မဟုတ်ပါဘူး။ ဒီတိုင်းမင်းနဲ့အတူ ရုပ်ရှင်လေးကြည့်ရင်း ချစ်စကားလေးတွေပြောချင်လို့ပါ...
ထုံစမ်းအတိုင်း ရေပတ်တိုက်ပေးရင်း Win ဘေးမှာပဲ အိပ်မောကျသွားတယ် မနက်ကလည်း အစောကြီး နွားနို့ပို့ထားတော့ ၂နာရီတောင် ပြည့်အောင်မအိပ်ရသေးဘူးလေ..

YOU ARE READING
That Person Must Be You
Romans"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ