ချစ်တာကတော့ ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။သို့ပေမဲ့ ချစ်တယ်ဆိုတဲ့နောက်က နွေးထွေးကြင်နာမှုတွေပါလာမယ်။နားလည်မှုတွေရှိမယ်။သစ္စာတရားတွေရှိမယ်။ဖြည့်ဆည်းပေးလိုမှုတွေရှိတယ် ဒါတွေကိုပဲ ပေးနိုင်တဲ့လူကတော့ ရှားလိမ့်မယ်။
စကားလေးတစ်ခုလိုပေါ့ သဘောကျတာ၊ချစ်တာ၊နွေးထွေးပေးတယ်ဆိုတာမျိုးက ဘယ်သူမဆိုလုပ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးနေတာမျိုး၊ အများကြီးနွေးထွေးပြီး၊ဂရုတစိုက်ချစ်ပေးတာမျိုးကတော့ တကယ်ကောင်းတဲ့လူမှလုပ်နိုင်တာတဲ့။
အချစ်ဟာအမျိုးမျိုးရှိတယ်။
ငါမင်းကိုချစ်တယ်လို့ပြောပြီး ငါ့အလိုကိုလိုက်၊ငါ့အကြိုက်ကိုဆောင်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့ အချစ်တွေလည်းရှိတယ်။
မင်းကိုတော့ တတ်နိုင်သလောက်အကုန်ကို ပေးချင်တာ ဆိုတဲ့အချစ်တွေလည်းရှိတယ်။
ချစ်တာကတော့ဘယ်သူမဆိုလုပ်နိုင်တယ်။
ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့အတူတူရှိနေဖို့ ကြိုးစားတာမျိုး၊ ဘဝထဲကိုဆွဲခေါ်ဖို့စိတ်ကူးတာမျိုး၊အခက်အခဲတွေကိုအတူတူ ရင်ဆိုင်ဖို့ကြိုးစားတာမျိုးသူတစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ကြောင့် ကိုယ်စိတ်ညစ်မလားဆိုပြီး ကိုယ့်ဘက်ကိုတွေးပေမဲ့ ချစ်တာမျိုးကတော့ရှားတယ်။လူတွေကို ခဏတာချစ်လို့ရပါတယ်
သို့ပေမဲ့ တစ်ဘဝလုံးစာအတွက်ဆိုရင်တော့
သံယောဇဥ်ကော၊မေတ္တာကော၊နားလည်မှုတွေ၊နွေး ထွေးမှုတွေပါ ပါမှဖြစ်မယ်။
ဒါပေမဲ့ အဲ့ခံစားချက်တွေအားလုံးကိုတော့ P'bright ဆီမှာခံစားရတယ်...တကယ်ပဲချစ်မိသွားခဲ့တယ်ပဲထင်ပါတယ်..ရုပ်ရှင်ရုံရှေ့မှာရပ်နေတာ ၂နာရီကျော်နေပြီ ကြည့်မဲ့ဇာတ်ကားကလည်း အခုချိန်လောက်ဆို တစ်၀က်လောက်ပြီးနေရောပေါ့...သက်ပြင်းချရင်း စိတ်ရှည်စွာစောင့်နေလိုက်တယ်။
"Win..."
မျက်ရည်တွေဘာလို့ ၀ဲနေတာလည်း အစ်ကိုရယ်.. ကျွန်တော်စောင့်ရတာ အစ်ကို့ကိုအပြစ် မတင်ပါဘူး..
"ကိုတောင်းပန်ပါတယ်"
ကျေးဇူးပြုပြီး..
အစ်ကို့ဆီမှာမရှိတဲ့အရာတွေကြောင့်
အစ်ကို မပေးနိုင်တဲ့အရာတွေကြောင့်
အစ်ကို့ကိုချစ်ရတဲ့လူတွေက အစ်ကို့ကို ပစ်သွားမှာကို မကြောက်ပါနဲ့..အစ်ကိုရယ်...
မပေးနိုင်တဲ့အရာတွေအတွက် ဝမ်းမနည်းနေပါနဲ့တော့.. ။ပေးနိုင် သလောက်ပဲပေးပါ။ကျွန်တော်ကပျော်ပါတယ် အစ်ကို့မေတ္တာတွေနဲ့..ကျွန်တော်တို့ဆီမှာ လူတွေရဲ့လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုရင် သိပ်ကိုမောပန်းရပြီး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုလည်း ဘယ်ရနိုင်မလဲ။
YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ