ဒီနေ့ညတာက ရှည်လွန်းနေတာလား ရုပ်ရှင်ပြီးတာတောင် မအိပ်ချင်သေးဘူး..ဒီနေ့က လေတွေ တိုက်နေတာလည်းအရမ်း..စာဖတ်ခန်းမှာ အိပ်တဲ့အစ်ကိုကရော နွေးထွေးပါ့မလား?
ချမ်းနေမှာပဲ အဲ့အခန်းကလေ၀င်လေထွက်ဒီလောက်ကောင်းတာကို...စိတ်ပူနေတာနဲ့ အိပ်လို့မရလိုက်တာ..မထူးပါဘူး ထကြည့်မှပဲအခန်းတံခါးကို အသာလေးဖွင့်လိုက်တော့..
ချမ်းလို့ တဆက်ဆက်တုန်နေတဲ့ အစ်ကို့ကိုကြည့်ရင်းစိတ်မကောင်း ဆောင်းကလည်း တဖြည်းဖြည်းအေးလာတာ ဘယ်ခံနိုင်တော့မလဲ!"အစ်ကို ကျွန်တော်နဲ့ အတူလိုက်အိပ်ပါလား"
နားမလည်ဟန်ရယ် ပျော်နေတဲ့အကြည့်ရယ် ရောနေတာတောင် အစ်ကိုကချောနေတုန်းပဲ...အိပ်ယာပေါ်ရောက်တော့ တစ်ယောက်နဲ့တစ်ယောက် စကားမပြော! ချမ်းနေတော့ သူက တုန်နေတုန်းပဲ!
ဖက်ထားပေးလိုက်ရင်ကောင်းမလား? အရမ်းOver ဖြစ်သွားမလား?huu..."ဖက်ထားပါလားဟင်!"
ဟော်နောက်ဆုံးတော့ သူကိုယ်တိုင်ပြောလာတာပဲ။ ပျော်လိုက်တာ..ချက်ချင်းဖက်ချင်ပေမဲ့ နည်းနည်းလေး မူသလိုနဲ့ ဖက်လိုက်တယ်...နွေးသွားတာပဲ သူကအေးတော့ ခံစားရတာပိုပြီး နွေးတယ်
ဖက်ထားတော့ ကြားနေရတာ ရင်ခုန်သံပဲ ဒုတ်ဒုတ် ဒုတ်နဲ့ ကျယ်လိုက်တာ...မဟုတ်မှ ငါ့ရင်ခုန်သံလား! what ဟုတ်တယ်ဟ ငါကဖြစ်နေတာပဲ သူကြားသွားရင်သေပြီပဲ!မဖြစ်ဘူး အသံမရှူပဲနေရမလား...
"Win..ကိုမင်းကိုတစ်ခုပြောပြရမလား"
"အင်းပြောလေ" လူကသာတုန်နေတာ စကားကတော့ပြောချင်သားပဲ..အင်းလေ အိပ်မပျော်မဲ့ တူတူ စကားပဲပြောတာပေါ့..
"တစ်နေ့မှာ မင်းဖျားတယ်.." စကားမပြောရင်း ငြိမ်ငြိမ်လေးနားထောင်နေလိုက်တယ်..
"မင်းဖျားတာ ကိုကမသိဘူး ကိုကကော်ဖီဆိုင်မှာ အလုပ်လုပ်နေခဲ့တာ ကိုပြန်လာတော့ မင်းကမူးလဲနေတာ ကြမ်းပြင်မှာ..
အဲ့တာနဲ့ ကို့မှာမင်းကို ကုန်းပိုးပြီး ဆေးရုံထိပြေးတာ အဲ့နေ့က ကို့ဘ၀မှာ၀မ်းနည်းဆုံးနေ့ပဲ""နောက်တော့ရော?"
"အဲ့နောက် မင်းတစ်ရက်လောက်သတိလစ်နေခဲ့တာ ပြန်သတိမရရခြင်း ကိိုငိုနေခဲ့တာ"

YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ