အပိုင်း ၂

1.8K 122 3
                                    

အမှန်တရားမဟုတ်တဲ့ အမှန်တရား

"မင်း နေ့တိုင်း အဲ့လိုနောက်ကျတဲ့ထိ အလုပ်လုပ်နေဖို့လိုလိုလား? ကြာရင်မင်းကျန်းမာရေး အတွက်မကောင်းဘူးနော် Bright"

"မင်းကသာ အမြဲစိတ်ပူလွန်နေတာ ငါကအဆင်ပြေတယ် စိတ်မပူနဲ့"
နေ့တိုင်းအလုပ်လုပ်ပြီး ကျွန်တော့်ရဲ့ နောင်တရစိတ် သတိရစိတ်တွေကို ဖျောက်ဖျက်နေခဲ့တာလည်း အချိန်အတော်လေးကြာခဲ့ပါပြီ။ ကျွန်တော်ကိုယ်တိုင်တောင် မသိတဲ့အချိန်မှာ ကျွန်တော်ဟာ အရမ်းကိုအထီးကျန်လွန်းနေခဲ့ပြီ။

ဒီနေ့လဲ မနေ့ကလို မနေ့ကလည်း ဒီနေ့လိုပဲ တူညီတဲ့ ကျွန်တော် ဘ၀ထဲကို တစ်စုံတစ်ယောက် ၀င်လာဖို့ အစပြုနေခဲ့ပြီ။ဒါကိုကျွန်တော်မသိခဲ့

ကော်ဖီဆိုင်ထဲကိုဖြည်းဖြည်းခြင်း၀င်လာပြီး latte တစ်ခွက်မှာလိုက်တယ်။
latte ခွက်ကိုယူပြီး နောက်ကိုလှည့်လိုက်တဲ့ချိန် တစ်ဆုံတစ်ယောက်နဲ့ ၀င်တိုက်မိသွားတယ်။

"အာ့ ပူလိုက်တာ"
အသံခပ်ကျယ်ကျယ်အော်တဲ့ ကောင်လေးကို ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ ကောင်လေး Win...

"Win.."

"ကျွန်တော့်ကိုသိလို့လား ခဗျ"

ငါလူမှားတာလုံး၀မဖြစ်နိူင်ပါဘူး ဘာလို့လဲဆိုတော့ ငါက မင်းကို မင်းမို့လိုချစ်ခဲ့တဲ့သူမလို့!

ခတ္တမျှတစ်ယောက်နဲ့တစ်ယောက်ကြည့်နေသော်လည်း သူကျွန်တော့်ကို မှတ်မိတဲ့ပုံမပေါ်ပါ။ ဘာလို့လဲ ၆နှစ်အတွင်းမှာ ငါကမင်းကို တစ်စက္ကန့် လေးတောင် မမေ့နိုင်ပေမဲ့ မင်းကငါ့ကို မမှတ်တော့ဘူးတဲ့လား? ရင်ဘက်ထဲအောက်လာတယ် အလိုလို မျက်အိမ်ထဲက အရည်ကြည်တွေကျလာတယ်။ ထိန်းချုပ်မရအောင် နာ​ကျဥ်လွန်းတယ်။

"အဆင်ပြေလားခဗျ အရမ်းပူသွားလို့လား" ရုတ်တရက်ငိုနေရင်း ရယ်ချင်လာတယ်။

"အင်းအရမ်းပူတာပဲ မင်းရော ပူသွားတယ်မဟုတ်လား sry ပါ"

"အာ ကျွန်တော်ကရပါတယ် အစ်ကိုအဆင်မပြေရင် ကျွန်တော် ဆေးခန်းလိုက်ခဲ့ပါလား"

"ဆေးခန်း?"

"ဟုတ် ကျွန်တော်က ဆရာ၀န်တစ်ယောက်ပါ ဒီနားလေးမှာပဲ ကျွန်တော့်ဆေးခန်းရှိတယ်လေ"

That Person Must Be YouWhere stories live. Discover now