Zawgyi version can read on gun-atthaphan fb acc
"Win မင်းနဲ့ငါ့ကို ညီကိုတွေလို့ထင်နေတာ ငါမကြိုက်ဘူး"
"အစ်ကိုကလည်း ဘာဖြစ်ပြန်တာလဲ"
"မကြိုက်ဘူးကွာ အစ်ကိုလို့မခေါ်နဲ့ ငါကမင်းအစ်ကို မဟုတ်ဘူး"
"ခဗျားကလည်း အဲ့တာဆို ဘယ်လိုခေါ်ရမလဲပြော"
စိတ်ညစ်တယ် အားနေစိတ်ကောက်နေတာပဲ
"ကိုကိုလို့ခေါ်"
"ဟာ" စိတ်ပျက်စရာကြီး
"ဘာလဲမခေါ်ချင်ဘူးလား"
"ကျွန်တော်တို့က ယောကျ်ားလေးတွေလေဗျာ"
"မင်းဘာလို့ ယောကျ်ားနဲ့တွဲသေးလဲ"
တွေ့လားရန်စကားကစပြောပြီ
"အင်းပါ ခေါ်မယ်"
"တကယ်လား"
"အင်း" အစ်ကိုစိတ်ချမ်းသာရင်ကျေနပ်ပါပီ
အဲ့နေ့ကစပြီးကိုကိုနဲ့ ခလေးဖြစ်သွားကြတာပဲ တကယ်အရမ်း ရိုဆန်တဲ့ အစ်ကို ချစ်တက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူးဆိုပဲ ရုပ်တည်ကြီးနဲ့"ကိုကို ဒီနေ့ ဘန်ကောက်ကို ပြောင်းဖို့ အိမ်ကိုပြောပြီးပြီး"
"ကိုကို့ခလေးလေးက ချစ်ဖို့ကောင်းလိုက်တာ"
သွား ခလေးလေးဆိုပြီးသားပြောတယ် ငါကသူ့ထပ်ဖြင့်လူကောင်တောင်ကြီးလာသေးတယ်။
"ကိုကို ကျွန်တော့်ကိုခလေးကိုမခေါ်ပါနဲ့တော့"
"မင်းက ခလေးလေးပဲကို"
"ကျွန်တော်က ကိုကို့ထပ်အရပ်တောင်ပိုရှည်လာသေးတယ်"
"ဟားဟား ဟုတ်ပါပီ ခလေးလေးရယ်"
ပါးကိုအတင်းလိူက်နမ်းနေသော ကိုကို့ကြောင့် ကျွန်တော်အရမ်းကိုအနေကြပ်ပါတယ်။
"တွေ့လား ဟွင့်" ကျွန်တော်စိတ်ကောက်ရင် ချစ်ဖို့ကောင်းတယ်ဆိုပြီးနမ်းပါတယ် ရယ်နေရင်လဲ ချစ်ဖို့ကောင်တယ်ဆိုပြီးနမ်းပါတယ် စိတ်ညစ်နေလဲနမ်းပါတယ် နေရင်းထိုင်ရင်းနဲ့လည်းနမ်းပါတယ်။ အစ်ကိုကအမြဲတမ်းကိုနမ်းနေတော့တာပဲ ကြာရင်ပါးမှာလည်း သရေတွေကပ်နေလောက်ပြီ တစ်ခါတစ်လေ အသဲယားလို့ဆိုပြီး ငုံတောင်ငုံထားသေးတယ် ပါးကို တကယ့်ကိုကို"ကိုကို မထသေးဘူးလား ကိုကိုနောက်ကျတော့မယ်"
"အင်း ၅မိနစ်လောက်"
"သွား လာဖတ်မနေနဲ့တော့ နောက်ကျရင် ကိုကိုပဲအလုပ်မှာဆူခံရမှာ"
"ဖက်ထားချင်သေးတယ်"
"တစ်ခါနမ်းမယ်ထမှားလား"
"၃ခါ"
"စျေးမစစ်နဲ့ တစ်ခါပဲရမယ် မနမ်းတော့ပဲနေမှာနော်" လူလည်ကောင်ကြီးကိုကို
"အင်း ခလေးလေးကလည်း ဒါဆို၂ခါ"
"ဟွင့်" နမ်းမို့အနားကပ်တုန်းပဲရှိသေး နှာခမ်းကိုဆွဲနမ်းပါလေရော သွားမတိုက်သေးရသေးတောင် သရဲဘီးလူးစီးသလို အတင်းနမ်းနေတာ ဒီကိုကိုကတော့
YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ