အပိုင်း ၁၁

1K 88 4
                                    

ကိုယ့်ဘက်က  မင်းကို ချစ်တဲ့အကြောင်း ပြောတဲ့အခါမင်းဘက်က  နှစ်လိုဖွယ်ပြုံးပြီး
ကိုယ့်ရင်ခွင်ထဲ  ခေါင်းလေး တိုးဝင်လိုက်တာမျိုးလေး။အသွားအပြန်ရှိတဲ့  မေတ္တာတရားတွေကိုပဲ
ငတ်မွတ်တောင့်တပါတယ် ။
အပြန်အလှန်ချစ်ပေးတဲ့ ချစ်ခြင်းတရားဟာ
ကိုယ်တို့ အတွက် အရေးကြီးဆုံးပဲ မဟုတ်လား ။
အားလပ်ချိန်လေးတွေမှာ  နှစ်ယောက်အတူတူ
မင်းကြိုက်တဲ့ drama ကားလေးတွေ ကြည့်ရင်း
အပန်းဖြေကြမယ်။မင်းစားဖို့အတွက်   နေကြာစေ့လေးတွေ တစ်စေ့ကို  အာဘွားတစ်ခါနဲ့  မင်းကို  ကိုယ် ခွာပေးမယ် ။
ဇာတ်ကားကြည့်ရတာ ကိုယ်နည်းနည်းပျင်းလာတဲ့ အချိန်ကျရင်တော့ မင်းရဲ့ ပေါင်တံ ဖွေးဖွေးလေးဟာကိုယ် ခေါင်းအုံးလေးကို အုံးပြီး အိပ်စက်အနားယူရာလေးပေါ့ ။

စိတ်ချပါ..
မင်း ပင်ပန်းလာတဲ့ အခါတိုင်း
ကိုယ့်လက်မောင်းလေးဟာ မင်းအတွက် ခေါင်းအုံးလေးပြန်လုပ်ပေးမယ် ။
အပြင်တစ်ခု သွားမယ် ကြံတိုင်း
ပြင်ဆင်ဖို့ ကြာနေတတ်တဲ့ကောင်လေးကို
စိတ်ရှည်လက်ရှည်စောင့်ပါ့မယ်။
ခေါင်းလျှော်ပြီးတိုင်း ကိုယ်မှ  dryer နဲ့ မမှုတ်ပေးရင်မကျေနပ်ပြန်ဘူးတဲ့ဆိုတဲ့ ကောင်လေးကိုလည်း မခြောက်မခြင်း မှုတ်ပေးမှာပါ။

''ကိုကို အင်္ကျီ က ကြယ်သီးလေးတွေ တပ်ကူပေးပါအုံး''လို့မင်းပြောတော့  ကိုယ်က ရယ်တယ် ။
ဒီလိုတောင့်တောင့်တင်းတင်းယောကျာ်းလေးတစ်ယောက်က ကိုယ့် အကူညီမှ မပါရင် ကြယ်သီးတောင်  မတွယ်တတ်တော့ဘူး
ဒီကောင်လေးဟာ  ကိုယ်မှ မခူးပေးရင်ထမင်းတောင်မစားချင်ဘူး..နေ့ရက်တိုင်း အချိန်တိုင်း အရာတိုင်းကကိုယ့်ကိုပဲမှီခိုနေတယ်..

ဒီလိုစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ  အသွားအပြန်လေးတွေလိုအပ်ပါတယ်..
အိပ်ယာကနှိုးတော့ အိပ်မက်တစ်ခုလို ကိုယ့်ကောင်လေးက ကိုယ့်ရင်ခွင်ထဲအိပ်နေတယ်..အသက်ရှူသံတိုးတိုးလေးတွေကိုကြားရတာ ရင်ခုန်လိုက်တာ..

ကျဆင်းနေတဲ့ မျက်တောင်လေးတွေကလည်း ဒီကောင်လေးကို တော်တော်လှစေတာပဲ...မျက်လုံးတွေမှိတ်ထားတာတောင် မင်းကချစ်ဖို့ကောင်းတုန်းပဲကို...
နှာတံဆင်းဆင်းဆင်းလေးကို လက်လေးနဲ့ကိုင်ကြည့်ရင်း နှအိနေတဲ့ မျက်လုံးမို့မို့လေးကိုလည်း မထိတစ်ထိနဲ့ တို့ရင်း...ပါးပြင်လေးကို ငုံပြီးနမ်းလိုက်တယ် ဘယ်သူသိမှာပဲ ဒီကောင်လေးက ကျွန်တော့်ရဲ့ မူပိုင်ဆိုတာ..

That Person Must Be YouWhere stories live. Discover now