အပိုင်း ၁၅

998 80 6
                                    

ချစ်ခြင်းမှာ ဘယ်တော့မှ နောက်မကျသေးဘူးဆိုတာရှိပေမယ့် အချိန်လွန် ပြန်လည်တွေ့ဆုံခြင်းတချို့မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ ကံကြမ္မာရဲ့ ရက်စက်မှုဒဏ်ကို ခံရတတ်တယ်
တစ်ချိန်တုန်းက အရမ်းချစ်ရသူနဲ့ ပြန်လည်တေ‌ွ့ဆုံတဲ့အခါ ဆိုင်သူကိုယ်စီရှိနေတာမျိုး ၊ သူ့ဘေးနားမှာ တခြားသူတစ်ယောက် ရှိနေတာမျိုးတွေဟာ ချစ်ခြင်းရဲ့ကျိန်စာလို့ပဲ ဆိုရမလား?
ကိုယ်ကတော့ ရခဲ့သမျှ ဒဏ်ရာတွေကို ရယ်ရယ်မောမော ပြောပြနိုင်ပြီး သန်မာတဲ့ လူတစ်ယောက်ဖြစ်လာဖို့ကို မျှော်လင့်ပါတယ် ၊ ပြန်လည်ဆုံစည်းရခြင်းတွေဟာ ပြတ်ပီးသား ကြိုးတစ်ချောင်းကို ပြန်ဆက်ထားသလိုမို့ အဖုအထစ်တွေက ရှေ့ဆက်ဖို့အတွက်အခက်အခဲတွေရှိနေနိုင်တာပဲ မဟုတ်လား ...

တစ်ချို့တွေ့ဆုံခြင်းတွေက ထင်ထားသလောက်ရိုးရှင်းမနေခဲ့ဘူး...ဥပမါ သူနဲ့ကျွန်တော်လိုပေါ့!

"Win သတိထားပါအုံး ကိုယ်ပြောတဲ့အသံကိုကြားရလား ကိုယ်ပြောတဲ့အသံကိုကြားရလား"

မျက်ရည်တွေလည် ထိန်းမနိုင်အောင်ကျနေသလို အလောတကြီးပြေးလာသောကြောင့် ဖိနပ်ဆိုတာလည်း ဘယ်စီနေမသိ..အငိုမတိတ်နိုင်တဲ့ ခလေးလေးတစ်ယောက်လို ငိုရင်း တွန်းလှည်းဘေးက ပြေးလိုက်နေမိတယ်...

ကျေးဇူးပြုပြီး ထားမသွားနဲ့တော့ ငါတို့တွေ့တာ ၁လတောင် မပြည့်သေးဘူးလေ အချိန်ကြာကြီးနေမှ ပြန်တွေ့တာကိုကွာ...

"Win ကြားလား Win ကို့အသံကြားလားလို့ ခဏလေး အားတင်းထားပါ တောင်ပန်းပါတယ် ဆရာ ကျွန်တော့်ကောင်လေးကို ကယ်ပါအုံး !"
သွေးတွေအများကြီးနဲ့ လူရုပ်တောင်ပျောက်နေတဲ့ ကျွန်တော့်ကောင်လေးကို ဘယ်လိုမျက်စိနဲ့ ကြည့်ရမလဲ သူ့အစား ကျွန်တော်သာသေလိုက်ချင်ပါတယ်...

လက်ကိုတင်းကြပ်စွာကိုင်ပြီး အော်ငိုနေမိတယ်!

"ကျေးဇူးပြုပြီး အ၀မှာစောင့်ပေးပါ" ခွဲစိတ်ခန်း ဆရာ၀န်တစ်ယောက်တော့ အ၀မှာ စောင့်ခိုင်းတယ်။ လူက ထိုင်လို့မရလောက်အောင် စိတ်တွေလှုပ်ရှာနေမိတယ်...

ကျွန်တော်ဘုရားကိုမယုံဘူး ကျွန်တော့်ကို ၆နှစ်လုံးလုံး အထီးကျန်စွာထားခဲ့တယ် ဒါပေမဲ့ ဒီတစ်ခုတော့ ကျွန်တော့်ဆုတောင်းလေးလုပ်ပေးပါဗျာ..Win ဘာမှမဖြစ်ပါစေနဲ့ ကျေးဇူးပြုပြီး...
--------------------
အစ်ကို ကျွန်တော်တို့ နောက်ဘ၀ကျရင်လေ စောင့်ရတဲ့ အချိန်ကတိုပြီး တွေ့ရတာတော့ ရှည်ကြာတဲ့ ကံကြမ္မာနဲ့ အဲ့လိုမျိုးတွေ့ဆုံရအောင် ဆုတောင်းကြရအောင်...မျက်နှာလေးမြင်ခွင်ရရင်တော်ပါပြီ...ကျေးဇူးပြုပြီး နောင်ဘကြရင်တော့ အချိန်အကြာကြီး အတူရှိသွားရအောင်...တောင်ပန်းပါတယ် တကယ်တောင်းပန်ပါတယ်အစ်ကို အချိန်အကြာကြီး အတူမရှိပေးနိုင်ခဲ့လို့...
အစောထဲကအများကြီးရယ်ပြီး အများကြီး တူတူငိုပေးခဲ့သင့်တာကို..တကယ်ခါတစ်လေတော့ ခံစားချက်တွေ တိုက်ဆိုင်ပြီး တစ်ခါတစ်လေတော့ အငြင်းပွါးမှုတွေနဲ့ ပုံမှန်လူတွေလိူမျိုးခံစားခဲ့သင့်တာကို..ဒီဘ၀မှာတော့ ထပ်တွေ့နိုင်တော့လောက်မယ် မထင်တော့ပါဘူး..အကယ်၍ နောင်ဘ၀များရှိခဲ့ရင် အစ်ကိုဘေးမှာ အချိန်အကြာကြီး အတူနေပေးပါမယ်အစ်ကို..
🎵In a another life ,i would be your boy
We've keep all our promises be us against the world
In a another life,i would make you stay
So i don't have to say,you were
The one that got away...🎵

That Person Must Be YouWhere stories live. Discover now