တစ်နှစ်လောက် အတိတ်ကိုသတိရဖို့ မျိုးစုံကြိုးစားခဲ့တယ် ဒါပေမဲ့ မမှတ်မိဘူး...ဘာလို့ဒီ accident ဖြစ်တာလဲ ရုတ်တရက်ဘာလို့ ချင်းမိုင်ကိုပြန်လာခဲ့တာလဲ! ဘာတွေဖြစ်ခဲ့တာလည်း မှတ်မိဖို့ကြိုးစားတယ် ဘာဆို ဘာမှမမှတ်မိလာခဲ့ဘူး..မွေးစားအမေဆိုတဲ့ အမေကို မေးခဲ့တယ် ဒါပေမဲ့ သူပြောပြတာ အဖေက သေသွားတာမကြာသေးဘူးတဲ့! ဘာတွေလဲ ငါကဘာတွေ ဖြစ်ခဲ့တာလည်း သူတို့ကရော ဘာတွေလှို့၀ှက်ထားတာလဲ! ဘာမေ့နေတဲ့ အတိတ်တွေကရော ဘာတွေလဲ!!
----------------------------------
"Win မင်း ငါ့ကိုမမှတ်မိဘူးလား""ဟင် ငါတို့ ပထမဆုံးတွေ့ဘူးတာမဟုတ်ဘူးလား"
"မင်း Mick ကိုသိလား"
"ဟင်အင်း မသိဘူး...ဒါမဲ့ ရင်းနှီးတဲ့ ခံစားချက်တော့ရှိသလိုလိုပဲ သူကဘယ်သူလဲ"
သူကမင်းလေ မင်းဘန်ကောက်ပြန်သွားတာ ဘာတွေဖြစ်ခဲ့တာလဲ! ငါ့ကိုမေ့သွားတာလား! မင်းကိုမင်းရော မေ့သွားတာလား!
"မင်း က တကယ့် Win အစစ်လား"
"အင်း ငါ့ရဲ့ မွေးစားအမေကတော့ ငါက Win တဲ့ ငါကားတိုက်မှုဖြစ်ပြီး အတိတ်မေ့သွားတာ ငါ့ကိုငါရော ဘာဆိုဘာမှ မမှတ်မိတော့ဘူး"
သေချာပြီ မင်းကို ဒါလိမ်ထားကျတာပဲ ဒါဆို Win အစစ်က သေသွားတာလား! မင်းကိုဘာလို့ Win လို့ပေးတာလဲ! ဘာတွေဖြစ်ကုန်တာလဲ!
ဘာပဲဖြစ်ဖြစ် မင်းကိုငါစောင့်ရှောက်မယ် mick! အော် Mick မဟုတ်ဘူး Win! မင်းဘယ်သူပဲဖြစ်ဖြစ် ငါမင်းကို မြတ်မြတ်နိုးနိုး မင်းဘေးနားမှာ တစ်ချိန်လုံးစောင့်ရှောက်ပေးသွားပါမယ်..
------------------------------
၆နာရီတောင် ကြာနေပြီ ခွဲစိတ်ခန်းထဲက ဆရာ၀န်တွေကလည်း သွေးယူလိုက် ပြန်၀င်သွားလိုက်နဲ့ အလုပ်ရှုပ်နေကြတယ်...
ကျွန်တော့်ရင်ဘက်ကြီး တစ်ခုလုံးကလည်း ပြိုကွဲမတက်ဖြစ်နေပါပြီ...ကောင်းကင်ကြီးပြိုပြီး မိုးတွေရွာနေသလိုပဲ..ခံစားချက်တစ်ခူလုံးက မျက်ရည်တွေနဲ့ အဖော်ပြုနေတယ်..."ဆရာ ကျွန်တော့်ကောင်လေးအခြေအနေ"
"သူအရေးပေါ်အခြေအနေကိုတော့ ဖြတ်ကျော်နိုင်ခဲ့ပါပြီ ဒါပေမဲ့...သူအရင်က ဒီလိုအခြေအမျိုးကြုံဘူးတဲ့ ဒဏ်ရာရှိလို့ သူဘယ်ချိန်သတိပြန်ရပြီး သူ့ခေါင်းကအလုပ်ပြန်လုပ်နိုင်မယ်ဆိုတာကိုတော့ ကျွန်တော်တို့အာမမခံနိုင်ပါဘူး..may be သူ ၄၊၅၊၆နှစ်လဲလည်း မေ့ရင်မေ့နိုင်ပါတယ်..ဒါမှမဟုတ် သတိမရတော့တာလည်း ဖြစ်နိူင်ပါတယ်"

YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ