ကျန်ခဲ့တဲ့သူနဲ့ ထားသွားတဲ့သူမှာ ဘယ်သူကခံစားရဆုံးလဲဆိုတာ ကျွန်တော်မသိပါဘူး။
"Win ကိုယ်လာကြိုတာ အထုတ်တွေအဆင်သင့်ဖြစ်ပြီလား"
"အင်း.."ခေါင်းငြိမ့်ပြပြီး အထုတ်တွေအကုန်လုံး ကားပေါ်တင်လိုက်တယ်။
သူ့ကြည့်ရတာအရမ်းပျော်နေတဲ့ပုံပဲ..နောက်ဆုံးတော့ တိုက်ခန်းကိုရောက်လာပါပြီ အခန်းနှစ်ခန်းရှိသော်လည်း တစ်ခန်းကိုစာကြည့်ခန်းလိုလို လုပ်ထားတာ.."Win ကကို့အခန်းမှာနေလိုက် ကိုက စာဖတ်ခန်းမှာနေမယ်"
"ရပါတယ် ကျွန်တော်ပဲစာဖတ်ခန်းမှာနေလိုက်ပါမယ်"
"မဟုတ်တာ အဲ့အခန်းက အရမ်းလေ၀င်လေထွက်များတာ အခုကဆောင်းတွင်းဆိုတော့ အရမ်းအေးတယ်"
"အာ..ရပါတယ်"
"မရပါဘူး မင်းကအေးရင်ဖျားတက်တယ်လေ အခန်းထဲမှာပဲ နွေးနွေးထွေးထွေးအိပ်နော် မင်းလာမယ်ဆိုလို့ အပူပေးစက်ပါထပ်တက်ထားတယ် Aircon တော့အရမ်းဖွင့်မအိပ်နဲ့ ဆောင်းတွင်းဆိုတော့ အေးတယ် ဖျားမယ် "
"ဟုတ်" ခေါင်းငြိမ့်ရုံကလွဲဘာမှမတက်နိုင်ပါ။
"မနေ့က စျေးမသွားဖြစ်လို့ ညစာကိုတော့ ၀ယ်စားရမယ်ထင်တယ် Win အဆင်ပြေရဲ့လား"
"ပြေပါတယ်" အားနာနေသလိုခံစားချက်ကြီးရော pong ကိုသတိရတဲ့စိတ်ရော နေလို့မကောင်း..သက်ပြင်းတွေချရင်း..
ဒီလိုနဲ့ညစာ မှာစားရင်းနဲ့ပဲ အဆုံးသတ်လိုက်တယ်။
"ညီ Good Night ပါ""ဟုတ် အစ်ကိုရောပဲ"
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ရင်း အိပ်ယာ၀င်ကြတယ် ကျွန်တော်ကတော့ အချိန်အတော်တန်ကြာထဲထိ အိပ်မရသေးပါ။"Win မင်းဘာလို့ ချက်ချင်းပြောင်းသွားတာလဲ ငါ့ကိုစိတ်ဆိုတာလား? အဲ့လိုမလုပ်ပါနဲ့ မင်းနဲ့အဲ့လိုမခွဲချင်ဘူး ငါတောင်းပန်ပါတယ်..." pong ပို့ထားတဲ့ massage ကိုဖတ်ရင်း..
ဟူးးးငါလည်းတောင်းပန်ပါတယ် အခုချိန်မှာ မကောင်းတဲ့ကောင်က ငါပဲဆိုတာ သိပါတယ်။ဒါမဲ့ ငါ့ကိုယ်ငါလည်းမသိတော့ဘူး ဘာတွေလုပ်နေလဲဆိုတာ နောင်တမရဖို့ပဲမျှော်လင့်ရင်း။

YOU ARE READING
That Person Must Be You
Romance"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ