အပိုင်း ၂၈

1K 70 5
                                    

"အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပေးလို့ရလား" စကားအစလေးချည်လိုက်တယ်

"ဘာကိုလဲ "
"ကျွန်တော်က ကျွန်တော်မှတ်မိနေတဲ့ နာကျင်စရာ အတိတ်ကိုမေ့ထားချင်လို့"

အဲ့ဒီ့ကောင်လေးဟာ
မင်းကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့  အနားမှာ
တွယ်ကပ်နေခဲ့တာပါ ။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်သာ
မင်း ဘယ်လောက်ပဲဆိုးဆိုး  သည်းခံပေးရင်း
မင်းမှားနေရင်တောင် အမြဲတမ်း ခွင့်လွှတ်ပေးခဲ့တာလေ။

မင်းကြောင့် နာကျင်ခဲ့ရတာတောင်
လက်လွှတ်လိုက်ဖို့  ၊ စွန့်လွှတ်လိုက်ဖို့
သူ မစဉ်းစားခဲ့ဖူးပါဘူး ။

'' Don't go for him , he will hurt you ''
ဆိုပြီး  မင်းအကြောင်း မကောင်း ပြောခံနေရတာတောင် မင်းကို ချစ်တဲ့စိတ်နဲ့  မလွှတ်ချရက်ရှာပါဘူး ။ ဘယ်လောက်ပဲ ဒဏ်ရာတွေနဲ့ နာကျင်နေပါစေချစ်လွန်းလို့  မစွန့်လွှတ်ရက်ပါဘူး ။

သူ ခံစားနေရတာကို  အသိမှတ်မပြုချင်နေပါ ။
နည်းနည်းလောက်တော့ စာနာပေးလိုက်ပါအုံး ။
သူ မင်းကို  အရမ်းချစ်တာသိလို့  တန်ဖိုးမထားတာမျိုးမလုပ်မိစေပါနဲ့ ။

ရုတ်တရက် ဝင်လာတဲ့ဖုန်းက pong ဆီက သူပြောချင်တာတွေ ပြောပြီး ဖုန်းချသွားတယ်
"ဘယ်သူဆက်တာလဲ အစ်ကို"
"Pong သူပြောချင်တာတွေ ပြောသွားတယ် ဒါနဲ့ ခလေး ကိုယ်မင်းကို တစ်ခုလောက်တောင်းဆို လို့ရမလား"
"အင်း"
"လက်ထပ်ကြရအောင်"
"ဗျာ"
"ဟုတ်တယ် win အစ်ကိုမင်းကိုဘယ်နည်းနဲ့မှ မဆုံးရှုံးနိုင်ဘူး ကိုယ့်မှာမင်းပဲရှိတာ"
"ကျွန်တော် လက်ခံပါတယ်"
"တကယ်လား"
"အင်း"
ကျွန်တော်နှစ်ယောက်လုံး မျက်ရည်တွေကျလာပြီး တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာ ဖက်ထားတယ် နွေးထွေးတဲ့ရင်ခွင်ထဲကိုလည်း ဒီကောင်လေးကို ထည့်ထားလိုက်တယ်။

အဲ့နေ့က ကျွန်တော်တို့ရဲ့မမေ့နိုင်စရာနေ့တစ်နေ့ပါပဲ။
---------------
၂နှစ်ခန့်ကြာသော်

"ခလေးလေးရေ ထတော့ဗျ ကိုနောက်ကျတော့မယ်"
"ဟာကွာ အိပ်ချင်သေးတယ်"
"ပျင်းမနေနဲ့တော့ ခလေးလို့ခေါ်နေပေမဲ့ မင်းခလေးမဟုတ်တော့ဘူးဆိုတာ သတိရ"
ဟာကွာ ဒီလူကြီး မယူခင်တစ်မျိုး ယူပြီးတော့တစ်မျိုး..
"နေပေါ့ ညစာငတ်ချင်လို့"
"ဟမ် ညစာ ဟုတ်သားပဲ winကို မအားတာ ၂ပတ်တောင်ကျော်နေပြီ မင်းလည်း ဘွဲ့လွန် ကိစ္စ နဲ့ကို့ကို ပေးမနေဘူးနော်"
"ဟမ် ဘာတွေပြောနေတာလဲ မနက်စောစော နောက်ကျနေပြီမှတ်လားသွားတော့"
"ဒီညတော့ ေနမယ်နော်"
အမယ် ထူးထူးဆန်းဆန်း နော်တဲ့ သူလုပ်ချင်ရင် လုပ်တဲ့သူကမှန်း တားချိန်တောင်မရဘူး

That Person Must Be YouWhere stories live. Discover now