အပိုင်း ၂၄

1K 78 3
                                    

Zawgyi version can read on gun-atthaphan fb acc

"မင်းနေမကောင်းတာကို ဘယ်သွားတာလဲwin"
"ငါ့ယောကျာ်းနောက်လိုက်သွားတာ"
"ဒီကောင်ကွာ"
မင်းပြံုးနေတာ မြင်ရတော့ ငါစိတ်ချမ်းသာလိုက်တာ မင်းကmickမဟုတ်ရင်တောင် ငါ့သူငယ်ချင်းwinအနေနဲ့တော့ မင်းကို ငါချစ်ပါတယ် ဖြူစင်တဲ့အချစ်တွေအတွက် ဒီမှာပဲရပ်တန့်လိုက်တော့မယ်။
"မင်းp'brightနဲ့ဘယ်လိုမျိုး တွဲဖြစ်ကြတာလဲ"
"အင်း"
"ဘာပြံုးတာလဲ"
"ဒီလိုကွ.."
———————————
"Winမင်းဒီလိုမျိုး စာမလုပ်ရင် မင်းကိုငါးကန်မှာပဲ အလုပ်လုပ်ခိုင်းတော့မှာနော်"
"အဖေကလည်း အခုချိန်ကဘယ်လိူဖြေဖြေအတန်းတက် ကျမှာလည်းမဟုတ်ဘူး"
"ဦးနှောက်ဆိုတာ အခုထဲကသွေးထားရတယ် မင်းဒီစာတွေတောင်မမှတ်ရင် ဒီထပ်များတဲ့စာတွေ ဘယ်လိုမှတ်မလဲ"
"ဖေကြီးကလည်း သားလေးတစ်ယောက်ပဲရှိတာကို အားနေဆူနေတာပဲ ရှင့်သားကအရမ်းညာဏ်ကောင်းတာ ကြီးလာရင်ဆရာဝန်တောင်ဖြစ်မှာ ဟုတ်တယ်နော်သားလေ"
"ဒါပေါ့ အမေလေးရ ကျွန်တော်ညာဏ်ဒီလောက်ကောင်းတာအေးဆေးပဲ"
အမေလေးဆိုတာ အဖေ့နောက်မိန်းမဆိုပေမဲ့ ကျွန်တော့်ကိုသားအရင်းသဖွယ်ချစ်ပါတယ်။
"မရပါဘူး ဒီခလေးညာဏ်ကောင်းတယ်ပြောပြီး ပျင်းနေတာကိုတော့ လက်ပိုက်မကြည့်နိုင်ဘူး"
"ရှင်ကဘာလုပ်ချင်လဲ"
"ဂိုက် ငှါးပေးရမယ် ဟိုဘက်ရပ်ကွက် က brightဆိုတဲ့ကောင်လေးက ခလေးတွေ ဂိုက်လိုက်လုပ်ပေးတယ် သူ့ငှါးလိုက်မယ် သူကခလေးတွေကို သင်ပေးတာ တော်တယ်တဲ့"
"အင်းလေ သားလေး သင်ပါလား အမေလေးလဲ သဘောကျတယ်"
ငြင်းလဲရမှာမဟုတ်တဲ့အတွက် ခေါင်းညိမ့်လက်ခံလိုက်ရတော့တယ်။
စနေတနင်္ဂနွေဆိုတော့ အိပ်မယ်ပေါ့
"သားရေ မင်းကိုစာသင်ပေးမဲ့ မင်းကိုကိုလာနေတယ်"
ဟာ အမေလေးကလည်း ကိုကိုတဲ့ ရွံ့စရာ ယောကျာ်းခြင်းခြင်းကိုကိုခေါ်ရအောငိ
"ဟုတ် အပေါ်မှာသင်မယ်"
"အေးအေး မေလေးလွှတ်လိုက်မယ်"
အောက်ထပ်ကနေ အမေလေးက အော်ပြီးပြန်ပြောတော့မှ အခန်းကိုရှင်းပြီး စောင့်နေလိုက်တယ်။
"မင်းကwinလား"
"အင်း"
"အင်း ၆တန်းနော်"
"အင်း"
"သားတို့အတွက် အအေးဖျော်လာတယ် နားနားပြီး သင်နော် အန့်တီသားကလေ ပျင်းတာအရမ်းကို ညာဏ်ကောင်းရဲ့သားနဲ့"
"အမေလေးကလည်း"
"အေးပါ ဆူပုတ်မနေနဲ့ ကိုကို့ကို မသိတာတွေမေးနော်"
"အင်းပါ"
အမေ ထွက်သွားတော့မှာ သက်ပြင်းချရတော့တယ် ကိုကို ကိုကိုနဲ့ ဘာဖြစ်နေမှန်းကိုမသိဘူး

That Person Must Be YouWhere stories live. Discover now