မျက်စိဖွင့်လိုက်တော့ နံရံတွေကပြာပြီး အခန်းတစ်ခန်းထဲမှာ ဘေးပတ်ပတ်လဲ ကြည့်တော့လဲ ပန်းအိုးတစ်အိုးနဲ့ ပြတင်းပေါက်တစ်ခုကလွဲရင် ဘာဆိုဘာမှမတွေ့..ဒီနေရာကဘယ်နေရာလဲ?
"Win နှိုးလာပြီ.." အုတ်အုတ်ကျက်ကျက်ဖြစ်နေတဲ့ လူတစ်အုပ်ကြောင့် ဘာဆိုဘာမှမသိတော့!
ဒီနေရာကရောဘာလဲ သူတို့တွေကရော ဘယ်သူလဲ ပြီးတော့ ငါကရောဘယ်သူလဲ!..."Win သားလေ နှိုးလာပြီလား သက်သာရဲ့လား"
"ခဗျား ကဘယ်သူလဲ?"
"ဟမ် အမေ့ကိုမမှတ်မိဘူးလား?"
"အမေ? ကျွန်တော့်အမေလား!"
"ဆရာ ကျွန်မသားကိုလုပ်ပါအုံး သူဘာလို့ ကျွန်မကို မမှတ်မိတာလဲ?"
ဘေးဘက်နံရံကိုကြည့်လိုက်တော့ ဘာမှမရှိတဲ့ကောင်းကင်တစ်ခုပဲမြင်ရတယ် အခုချိန်သိချင်ဆုံးက ကျွန်တော်ဘယ်သူလဲဆိုတာပါပဲ...
--------------------------------
"Mick ခလေးပြန်တော့မလို့လား?""နိုင်ငံခြားမှာ အရေးတကြီး ကိစ္စရှိလို့ အန်တီ P'Win လည်းမကြာခင် သတိရတော့မှာပါ အရမ်းလဲစိတ်မပူပါနဲ့"
"ခလေးရယ် အန်တီက ဒီခလေးနဲ့ပဲကြီးလာတာ သားအရင်းမဟုတ်ပေမဲ့ သားအရင်းလိုပါပဲ မင်းအစ်ကိုနှိုးလာမှ ပြန်တာမဟုတ်ဘူး"
"ခဏပဲ ကျွန်တော်ပြန်လာခဲ့မှာ"
"အေးပါ"
အဲ့နေ့ကပဲ Mick တစ်ယောက် ကုတင်ပေါ်မှာ လှဲနေတဲ့ သူ့အစ်ကိုကို့ နှုတ်ဆက်ပြီး အရေးတကြီး အမေရိက ကိုပြန်သွားခဲ့တယ်..ကံကြမ္မာကြီးကဆိုးလိုက်တာ အဖေကလည်း မကြာသေးခင်ကဆုံးသွားတယ် အခုလည်း အစ်ကိုက ကိုမာ၀င်နေတာ ၄၊၅ လရှိနေပြီ...နေ့တိုင်းဆေးရုံကိုလာလိုက် Win ကိုဂရုစိုက်လိုက် အိမ်ခဏပြန်လိုက် ပြန်လာလိုက်နဲ့လုပ်နေရင်း ၁လလောက်ကြတော့
"ရှင်!"
"ဟုတ်ကဲ့ Mick metas မိသားစုလားရှင့် မိသားစုထဲမှာတော့ အစ်ကိုဖြစ်သူကိုထည့်ထားလို့ Win metawin ဆိုတာမှန်ပါလား"
"အော်ဟုတ်ကဲ့ သူ့အမေပါ"
"ဟုတ် ညီမတို့ အခု အမေရိက နေ ဘန်ကောက်ခရီးစဥ်ကူးတဲ့ လေယာဥ်ပျက်ကျတဲ့ထဲ ပါသွားလို့ပါ အခုထိတော့ အစအနရှာလို့ မတွေ့သေးပါဘူးရှင့် ဒီထပ်သတင်းအတိအကျရရင် ထပ်ပြီးအသိပေးပါမယ် မိသားစုနဲ့အတူထပ်တူ၀မ်းနည်းရပါတယ်..."

YOU ARE READING
That Person Must Be You
Dragoste"I don't like a boy but i like you" သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ