Part-2

4.2K 330 4
                                    

Zawgyi

2018 april

မင်းဆက်တို့ ဘိုးဘွားတွေသည် မျိုးရိုးစဉ်ဆက်
ငွေကြေးချမ်းသာသူများ ဖြစ်ကြကာ၊
အဘိုးဖြစ်သူက တရုတ်စစ်စစ်တစ်ယောက်ဖြစ်သည်။
အဘိုးတရုတ်နှင့်၊ အဘွားရှမ်းမလေးတို့
အကြောင်းပါကာ၊ မင်းဆက်၏ မိခင်ဖြစ်သူနှင့်
ဇမ်ယမ်း၏ ဖခင်ဖြစ်သူကို မွေးဖွားခဲ့သည်။
ခုချိန်မှာ အဘိုးရော အဘွားရော ဆုံးပါးသွားခဲ့ပြီ
ဖြစ်တာကြောင့်၊ အဘိုး၏ များပြားလှသော
လုပ်ငန်းတာဝန်များကို ဇမ်ယမ်း၏ဖခင်
ဦးထွန်းမင်းဦးက ဆက်လက် တာဝန်ယူသည်။

ဦးထွန်းမင်းဦးက နယ်တွင် အခြေချ နေထိုင်သူ
ဖြစ်တာကြောင့်၊ ဇမ်ယမ်းအား ၁၂နှစ်အရွယ်တည်းက
မင်းဆက်တို့ အိမ်ဘေးက ခြံကို ဝယ်ကာ
အထိန်းပေါင်း မြောက်များစွာနှင့် အတူ
ပို့ထားခဲ့လေသည်။

ဦးထွန်းမင်းဦးကတော့ ဇမ်ယမ်းဆီသို့
သွားလိုက် လာလိုက်ပင်ဖြစ်သည်။

သို့သော် လွန်ခဲ့သော တစ်နှစ်က မထင်မှတ်ပဲ
နောက်အိမ်ထောင်တစ်ခု ထူထောင်ခဲ့သည့်
သတင်းကို ကြားသိရသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး မည်သူကမျှ ကြိုမသိခဲ့ပေ။ ထို့ကြောင့် ဇမ်ယမ်းက အကြီးအကျယ်
ဆန္ဒပြလေတော့သည်။
သူ့မိထွေးကို သေချာတောင် မမြင်ဖူးသေးပဲ
မျက်စိမှိတ် နားပိတ် ပုံကန်ထားသူ ဖြစ်သည်။
သူ့အဖေကို လုံးဝအတွေ့မခံသလို၊
ခုချိန်ထိ စိတ်ဆိုးနေဆဲဖြစ်သည်။

ထို့ကြောင့် ဦးထွန်းမင်းက ၊ နောက်အိမ်ထောင်
ပြုခြင်းကိုသူ့အပြစ်ဟု ခံယူကာ၊ ဇမ်ယမ်းအား
ယခင်ကထက် နှစ်ဆပို၍ အလိုလိုက်
ပံ့ပိုးပေးနေလေသည်။
ထိုအခြင်းအရာကပင် ဇမ်ယမ်းအား ပို၍
ဆိုးချင်လျှင် ဆို၍ ရသော အကြောင်းအရင်း
ဖြစ်လာစေသည်။

ခက်တာက သူ ဘယ်လောက်ဆိုးဆိုး သူ့ကို
ချစ်ခင်သူက များသည်။
မင်းဆက်၏ မိခင်ကပါ သူ့တူအား တုန်နေအောင်
ချစ်လေသည်။ဇမ်ယမ်းက ဒါဆိုဒါ၊ ဟိုဟာဆို
ဟိုဟာ ဖြည့်ဆည်းပေးတတ်သူ ဖြစ်သည်။

ထိုသို့ပြောနေ၍ မင်းဆက်ကိုယ်တိုင်လည်း
မချစ်တာ မဟုတ်ပေ။ ဒီညီလေးတစ်ယောက်ကိုပဲ
အရိပ်တကြည့်ကြည့် လုပ်ကာ ချစ်နေရလေသည်။

The Last PageWo Geschichten leben. Entdecke jetzt